တရုတ်နိုင်ငံက အန္တာတိကဒေသစူးစမ်းလေ့လာရေး အဆုံးသတ်

2022-04-28 11:45:19 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့သို့ ရောက်ရှိလာသော Xuelong သုတေသန ရေခဲခွဲသင်္ဘောအား ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ သုတေသနရေခဲခွဲသင်္ဘော Xuelong သို့မဟုတ် နှင်းနဂါးသည် ရှန်ဟိုင်းမြို့သို့ ဧပြီ ၂၆ ရက်က ပြန်ရောက်လာပြီဖြစ်ပြီး ၃၈ ကြိမ်မြောက် အန္တာတိကဒေသ စူးစမ်းလေ့လာရေးခရီးစဉ် အဆုံးသတ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။လွန်ခဲ့သော ၆ ရက်အကြာက ရှန်ဟိုင်းမြို့သို့ ပြန်လည်ရောက်ရှိခဲ့သော Xuelong 2 နှင့်အတူ ရက်ပေါင်း ၁၇၄ ရက်ကြာမြင့်ခဲ့သည့် အန္တာတိကဒေသစူးစမ်းလေ့လာရေးခရီးစဉ်တွင် ရေခဲခွဲသင်္ဘောနှစ်စင်း ပါဝင်ခဲ့သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ဆိပ်ကမ်းသို့ ဆိုက်ကပ်လာသော Xuelong သုတေသန ရေခဲခွဲသင်္ဘောအား ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ၃၆ ကြိမ်မြောက် စူးစမ်းလေ့လာရေးခရီစဉ်မှုစ၍ အန္တာတိကဒေသသို့ ရေခဲခွဲသင်္ဘောနှစ်စင်း စေလွှတ်ခဲ့သည်မှာ ယခုအကြိမ်က ဒုတိယအကြိမ်ဖြစ်ကြောင်း သိရည်။

သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာမှုတွင် အဆိုပါ ဒေသရှိ Zhongshan စခန်းနှင့် Great Wall စခန်းရှိ ပစ္စည်းကိရိယာများ ဖြည့်စွက်ခြင်းနှင့် ဝန်ထမ်းများ အလှည့်ကျလဲလှယ်ခြင်းများအပြင် ပင်လယ်ရေကြောင်း စူးစမ်းလေ့လာခြင်းများနှင့် သမုဒ္ဒရာ ဂေဟစနစ် စုံစမ်းစစ်ဆေးခြင်းများ အပါအဝင် လုပ်ငန်းတာဝန်များစွာ ပါဝင်ကြောင်း သိရသည်။အဆိုပါ သင်္ဘော နှစ်စင်းသည် စူးစမ်းလေ့လာမှုတွင် ပါဝင်မည့် သုတေသီ ၂၅၅ ဦးကို တင်ဆောင်သွားခြင်းဖြစ်သည်။ (Xinhua)