ကျယ်ကျမ်ဟူကျုံ- ‌နွေဦးရာသီပိုးပေါက်ဖွားမှုစတင်ရန် ပိုးမျိုးစေ့များဖြန့်ဝေ

2022-04-28 11:49:19 |သတင်းအရင်းအမြစ် 新华网

လတ်တလောရက်ပိုင်းတွင် တရုတ်နိုင်ငံကျယ်ကျမ်ပြည်နယ် ဟူကျုံမြို့တွင် ပိုးမွေးမြူရေးသမားများနှင့် ပိုးမွေးမြူရေး၊ ပိုးစာစိုက်ပျိုးရေးသမဝါယမလုပ်ငန်း (၇)သောင်းကျော်အတွက် ပိုးမျိုးစေ့များကို ဖြန့်ဝေပေးလျက်ရှိသည်။ ယခုနှစ် ဟူကျုံမြို့၏‌ နွေဦးရာသီ ပိုးမွေးမြူရေးပမာဏသည် အချပ်ရေ(၃.၃)သောင်းခန့် ရှိမည်ဟု ခန့်မှန်းထားပြီး စုစုပေါင်း ပိုးအိမ်ထွက်နှုန်းသည် တန်ချိန်(၂၀၀၀)ခန့်ရှိမည် ဟုခန့်မှန်းထားပါသည်။ ဟူကျုံမြို့သည် တရုတ်နိုင်ငံ၏ ပိုးမွေးမြူရေး၊ ပိုးစာစိုက်ပျိုးရေးတွင် အရေးပါသော ဒေသတစ်ခု ဖြစ်ပြီး ရှည်လျားသော ပိုးမွေးမြူရေး၊ ပိုးစာစိုက်ပျိုးရေးသမိုင်းကြောင်းရှိသည်။

 


(အရင်းအမြစ်၊ Xinhua ၊ ဘာသာပြန်၊ Yunnan gateway)