(၁၅)ကြိမ်မြောက် “အမျိုးသားငှက်ဖျားရောဂါနေ့”နှင့် artemisinin ဆေး သုတေသနရှာဖွေတွေ့ရှိသူ တူယူယူ

2022-04-28 11:57:52 |သတင်းအရင်းအမြစ် 人民日报

ဧပြီလ (၂၆)ရက်နေ့သည် တရုတ်နိုင်ငံ၏ (၁၅)ကြိမ်မြောက် “အမျိုးသားငှက်ဖျားရောဂါနေ့” ဖြစ်သည်။

တစ်ကမ္ဘာလုံးတွင် ငှက်ဖျားရောဂါသည် ကူးစက်မှုလျင်မြန်ခြင်းနှင့် ရောဂါလက္ခဏာ ပြင်းထန်သည့်ရောဂါများအနက် တစ်ခုဖြစ်သည်။ “ငှက်ဖျား”ဟူသောစကားသံကိုကြားသည်နှင့် ကြောက်စိတ်ဝင်လာသည်မှ ယခုအချိန်တွင် ငှက်ဖျားရောဂါကင်းစင်သွားသည်အထိ တရုတ်နိုင်ငံ၏ ငှက်ဖျားတိုက်ဖျက်ရေးလမ်းစဉ်သည် Artemisinin နှင့် ၎င်းကိုရှာဖွေတွေ့ရှိသူ တူယူယူ အပေါ် များစွာအကြောင်းပြုနေပေသည်။

၁၉၆၀ ခုနှစ်များတွင် Chloroquine ဖြင့် ငှက်ဖျားရောဂါကို ကုသတိုက်ဖျက်ရာတွင် ထိရောက်စွာနှိမ်နင်းနိုင်မှု မရှိခြင်းကြောင့် လူသားများစွာကို ဒုက္ခရောက်စေခဲ့ပါသည်။ ၁၉၆၉ ခုနှစ်တွင် အသက်(၃၉)နှစ်အရွယ် တရုတ်နိုင်ငံသိပ္ပံပညာရှင် တူယူယူသည် ငှက်ဖျားရောဂါသုတေသနပြုခြင်း ခက်ခဲသည့်လုပ်ငန်းရပ်ကို တာဝန်ယူခဲ့သည်။ တရုတ်တိုင်းရင်းဆေးမျိုးပေါင်း တစ်ရာကျော် ရွေးချယ်ပြီး အကြိမ်ပေါင်းရာချီကြိုးစားခဲ့ပြီးမှ အောင်မြင်မှုကို ရရှိခဲ့သည်။ တူယူယူနှင့် သူမ၏အဖွဲ့သားများက နောက်ဆုံးတွင် artemisinin ဆေးကို သုတေသနပြု ရှာဖွေတွေ့ရှိခဲ့သည်။

 

၁၉၇၀ ခုနှစ်ကာလများကတည်းက စျေးကွက်ထဲသို့ ရောက်ရှိလာခဲ့သည့် ငှက်ဖျားတိုက်ဖျက်ဆေး Artemisinin သည် ငှက်ဖျားရောဂါပေါများသည့်ဒေသများအတွက် အသက်ကယ်ဆေး ဖြစ်လာသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းများအရ artemisinin သည် တစ်ကမ္ဘာလုံးတွင် လူပေါင်းသန်းချီ၏ အသက်များကို ကယ်တင်ပေးနိုင်ခဲ့ပြီဖြစ်သည်။
(အရင်းအမြစ်၊ people’s Daily ၊ ဘာသာပြန်၊ Yunnan gateway)