ဂျိမ်းဖောအမျိုးသား တုန်းမော်ဖီ၏ ပိုးမွေးမြူရာတွင် အထွက်နှုန်းကောင်းသောလျှို့ဝှက်ချက်

2022-04-28 19:10:21 |သတင်းအရင်းအမြစ် 陇川县融媒体中心

တရုတ်-မြန်မာ နယ်စပ်ဒေသရှိ တယ်ဟုန်ပြည်နယ်ခွဲ လုံချွမ်းခရိုင် ချင်ဖိန်ကျေးရွာအုပ်စု ကွမ်ဝိုက်ကျေးရွာတွင် ပိုးမွေးမြူရေးအိမ်ထောင်စုတစ်စုဖြစ်သည့် တုန်းမော်ဖီ၏ ပိုးစာပင်များသည် သန်မာစွာ ကြီးထွားလျက်ရှိသည်။

“မနှစ်က ကျွန်တော်ဟာ ပိုးစာစိုက်ပျိုးတာနဲ့ ပိုးမွေးမြူခြင်းကနေ ပိုးအိမ် ၂၀၉ ကီလိုဂရမ် ရရှိခဲ့ပါတယ်။ တရုတ်ဧက တစ်ဧကလျှင် ၉၂၅၆ ယွမ် ရရှိပါတယ်။ တစ်နှစ်ပြီးတစ်နှစ် ဝင်ငွေရရှိနေပါတယ်”ဟု လယ်ကွင်း၌ အလုပ်လုပ်နေသော တုန်းမော်ဖီက ချွေးသုတ်ရင်း ပြုံးပြုံးလေးပြောပါသည်။ ပိုးစာစိုက်ပျိုးခြင်းနှင့် ပိုးမွေးမြူခြင်းသည် အလုပ်သမားနည်းနည်းဖြင့် ဝင်ငွေလည်း မဆိုးကြောင်း သူက ဆက်ပြောပါသည်။

“ပိုးစာခြံက အထွက်နှုန်း ကောင်းလေ ပိုကောင်း ပိုများတဲ့ ပိုးမွှားတွေ ရရှိနိုင်လေ ဖြစ်ပါတယ်။” မွေးမြူရေးအတွေ့အကြုံများဖြင့် တုန်းမော်ဖီသည် အထွက်နှုန်းကောင်းသော လျှို့ဝှက်ချက်ကို ပွင့်ပွင့်လင်းလင်း မျှဝေပေးခဲ့ပါသည်။ ပထမအချက်မှာ ပိုးစာခြံကို စီမံအုပ်ချုပ်ရာတွင် ရင်းနှီးမြှုပ်နှံလိုစိတ်ရှိရမည်။ အထူးသဖြင့် ဆောင်းရာသီတွင် ပိုးစာခြံကို စီမံအုပ်ချုပ်ခြင်းသည် အရေးပါလှသည်။ ဒုတိယအချက်မှာ ပိုးကောင်များကို ကောင်းမွန်စွာမွေးမြူရန်အတွက် ရောဂါကြိုတင်ကာကွယ်ရေးသည် အဓိကကျပါသည်။ တတိယအချက်မှာ မွေးမြူရေးအသုတ်များကို ဆင်ခြင်တုံတရားဖြင့် စီမံပြီး တစ်သုတ်တည်းတွင် မွေးမြူရေး ပမာဏကို တိုးမြှင့်ရမည်ဖြစ်ပါသည်။

“ဒီနှစ်မှာ ကျွန်တော်ရဲ့ ရည်မှန်းချက်ဟာ တရုတ်ဧက တစ်ဧကကို ယွမ် ၁၀၀၀၀ ကျော်ဖြတ်ပြီး ပိုးမွေးမြူရေးတောင်သူတွေကို ချမ်းသာဝပြောသောဘဝမှာ နေထိုင်နိုင်ဖို့နဲ့ ဝင်ငွေတိုးမြှင့်ရရှိဖို့ ဦးဆောင်သွားမှာပါ”၂၀၂၂ ခုနှစ်၏ ပိုးမွေးမြူရေး၏ ရည်မှန်းချက်အကြောင်း ပြောသောအခါတွင် တုန်းမော်ဖီသည် ယုံကြည်မှုအပြည့်ဖြင့် ပြောပါသည်။


(အရင်းအမြစ် - လုံချွမ်းခရိုင်မီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)