မီးသတ်သမားများသည် ဗို့အားမြင့်လျှပ်စစ်မျှော်စင်တွင် ပိတ်မိနေသော အသက် ၁၅ နှစ်အရွယ်မိန်းကလေးတစ်ဦးကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့

2022-04-29 09:33:54 |သတင်းအရင်းအမြစ် 央视新闻

ဧပြီလ ၂၄ ရက်နေ့တွင် တရုတ်နိုင်ငံ ဟိုနန်ပြည်နယ် ရှောက်ယန်မြို့ လုံဟွေခရိုင်ရှိ မီးသတ်ကယ်ဆယ်ရေးတပ်ဖွဲ့သည် ကယ်ဆယ်ရေးတောင်းဆိုခြင်းဆိုင်ရာဖုန်းတစ်ခုကို ရရှိခဲ့သည်။ အသက် ၁၅ နှစ်အရွယ်ရှိသော မိန်းကလေးတစ်ဦးသည် ဗို့အားမြင့်လျှပ်စစ်မျှော်စင်သို့ တက်ခဲ့ပြီး ၁၅ မီတာမြင့်သောနေရာအရောက်တွင် မဆင်းနိုင်ဘဲ ၅ နာရီခန့် ပိတ်မိနေခြင်းဖြစ်သည်။

“အဲဒီတုန်းက သူမဟာ ကန့်လန့်တန်းတစ်ခုမှာ မှောက်နေခဲ့တယ်။ အားလုံးဝမရှိတော့ဘူး။ နည်းနည်းလေးဂရုမစိုက်လိုက်တာနဲ့ ပြုတ်ကျနိုင်တယ်”ဟု မီးသတ်သမားက မိတ်ဆက်ခဲ့သည်။ တာဝန်ရှိညွှန်ကြားသူနှင့် လျှပ်စစ်ဓာတ်အားဌာနမှ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၏ လမ်းညွှန်မှုနှင့်အညီ မီးသတ်သမား Deng Zhijie နှင့် Zou Weiwei တို့သည် လျှပ်စစ်ဓာတ်မကူးနိုင်သော လက်အိတ်နှင့် ရော်ဘာဖိနပ်ကိုဝတ်ဆင်ပြီး သွားရောက်ကယ်တင်ခဲ့ကြသည်။ ပိတ်မိနေသည့် မိန်းကလေးအနားတွင် ခြေချစရာနေရာမရှိသည်ကို တွေ့ရှိပြီးနောက် သူတို့နှစ်ဦးသည် မိန်းကလေးအား နှစ်သိမ့်ပေးရင်း နည်းလမ်းရှာခဲ့ကြသည်။ Zou Weriwei သည် ဆောင့်ကြောင့်ထိုင်ပြီး Deng Zhijie က မိမိကိုယ်ခန္ဓာပေါ်ကို ခြေနင်းတက်စေခဲ့ပြီး Deng Zhijie သည် အဆိုပါမိန်းကလေးအား ခါးပတ်နှင့်ကြိုးဖြင့် ကျောတွင် တုပ်ကာ ဆင်းခဲ့သည်။

အဆိုပါကယ်ဆယ်ရေးသည် မိနစ် ၃၀ ကြာခဲ့ပြီး နောက်ဆုံးတွင် မိန်းကလေးကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့သည်။
(အရင်းအမြစ် - CCTV News၊ ဘာသာပြန် - Yunnan gateway)