မေလ ၁ ရက်နေ့ကစတင်၍ မူရင်းထွက်ရှိရာနေရာ မြန်မာဖြစ်သော အချို့သောကုန်စည်များအား တရုတ်သို့ တင်ပို့ရန် RCEP သတ်မှတ်ထားသော အခွန်နှုန်းစနစ်ဖြင့် ဆောင်ရွက်

2022-04-29 09:36:39 |သတင်းအရင်းအမြစ် 央视网

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ အကောက်ခွန်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်ကော်မတီမှ ဧပြီလ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ “တရုတ်ပြည်သူ့သမ္မတနိုင်ငံ သွင်းကုန်ပို့ကုန်အကောက်ခွန်ဆိုင်ရာ စည်းမျဥ်းဥပဒေ” နှင့် “ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုစာချုပ်”(RCEP)၏ သက်ဆိုင်ရာသတ်မှတ်ပြဋ္ဌာန်းချက်များ၊ RCEP က မြန်မာနိုင်ငံအတွက် အသက်ဝင်ခဲ့ပြီးနောက် အကောင်အထည်ဖော်ဆောင်ရွက်သည့် အခြေအနေပေါ်မူတည်၍ ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့မှစတင်ပြီး မူရင်းထွက်ရှိရာနေရာ မြန်မာဖြစ်သော အချို့သောကုန်စည်များအား တရုတ်သို့ တင်ပို့ရန် RCEP သတ်မှတ်ထားသော အခွန်နှုန်းစနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။ ၂၀၂၂ ခုနှစ်အခွန်နှုန်းသည် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ သွင်းကုန်ပို့ကုန်အကောက်ခွန်ဆိုင်ရာ စည်းမျဥ်းဥပဒေ(၂၀၂၂ ခုနှစ်)” တွင် ဖော်ပြထားသည်။

ပုံ၊ မြန်မာပြည်တွင်းနေရာတစ်ခုကို တွေ့နေစဥ်။


(အရင်းအမြစ် - CCTV ၊ ဘာသာပြန် - Yunnan gateway)