အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မိဘမဲ့ကလေး”(၂)သိန်းရှိခဲ့

2022-05-06 19:01:19 |သတင်းအရင်းအမြစ် 中新网

အမေရိကန်နိုင်ငံတွင် အသက်(၁၈)နှစ်အောက် မိဘမဲ့က‌လေးများအတွင်း၌ လူ(၁၂)ဦးတွင်(၁)ဦးသည် ကိုဗစ်-၁၉ ရောဂါကြောင့် အုပ်ထိန်းသူဆုံးရှုံးခဲ့ရကြောင်း အမေရိကန်နိုင်ငံ 《The Atlantic 》သတင်းအရသိရပါသည်။ ပျှမ်းမျှအားဖြင့် အစိုးရကျောင်းတစ်ကျောင်းတွင် ကလေး(၂)ဦးမှာ ကပ်ရောဂါကြောင့် အုပ်ထိန်းသူ(၁)ဦး ဆုံးရှုံးရပါသည်။ အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါလူနာ (၄)ဦးသေဆုံးတိုင်း ကလေးတစ်ယောက်သည် မိခင်၊ ဖခင် သို့မဟုတ် အဖိုးအဘွားဆုံးရှုံးခဲ့ရကြောင်း အမေရိကန်နိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ၏ ယမန်နှစ် အောက်တိုဘာလ၏ သုတေသနတစ်ရပ်တွင် ထုတ်ဖော်တင်ပြထားပါသည်။

မိဘမဲ့ကလေးများသည် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ကျောင်းထွက်ခြင်းနှင့် ဆင်းရဲနွမ်းပါးဖြစ်နိုင်ခြင်း စသည့် စွန့်စားမှုများ တိုးမြင့်လာကြောင်း စာစောင်ထဲတွင် တင်ပြထားပါသည်။ သေကြောင်းကြံသည့်အလားအလာသည် မိဘမဲ့မဟုတ်သည့်ကလေးများ၏ (၂)ဆနီးပါးရှိပြီး အခြားသောပြဿနာများလည်း ကြုံတွေ့နိုင်ပါသည်။ ယခုအချိန်အထိ အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေသည် (၁၀)သိန်းခန့် ရောက်ရှိလာတော့မည်ဖြစ်ပြီး “ကပ်ရောဂါကြောင့် မိဘမဲ့ကလေး”အရေအတွက်သည် (၂)သိန်းရောက်ရှိပြီ ဖြစ်ပါသည်။

(အရင်းအမြစ်၊ chinanewsမှ ကောက်နုတ်တင်ပြခြင်း , ဘာသာပြန်၊ Yunnan gateway)