ကြံတန်ချိန်ပေါင်း(၅၄၄၀) ကျော်သည် တရုတ်-မြန်မာနယ်စပ် လေယွင်ဂိတ်မှ အောင်မြင်စွာဖြင့် ဂိတ်ဖြတ်နိုင်ခဲ့

2022-05-07 18:28:07 |သတင်းအရင်းအမြစ် 瑞丽市融媒体中心

မေလ(၆)ရက်နေ့ တရုတ်-မြန်မာနယ်စပ်ရွှေလီလေယွင်ဂိတ်တွင် ပြည်ပကြံများသယ်ဆောင်လာသော ကုန်တင်ယာဉ်များသည် ပိုးသတ်ခြင်း(၂)ကြိမ်၊ ယာဉ်မောင်းလဲ၍မောင်းနှင်ခြင်း၊ သုံးပိုင်းခွဲ၍သယ်ပို့ခြင်း နည်းလမ်းဖြင့် တစ်စီးပြီးတစ်စီး စနစ်တကျ ရွှေလီအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပါသည်။

အကောက်ခွန်ရှင်းလင်းပြီး ဂိတ်စတင်ဖြတ်နိုင်သည့် ဧပြီလ(၁၃)ရက်နေ့မှစ၍ လေယွင်ဂိတ်တွင် စုစုပေါင်းကြံတန်ချိန် (၅၄၄၁.၁၁၅)တန် တင်သွင်းနိုင်ခဲ့ပြီး ကုန်ပစ္စည်းတန်ဖိုးပေါင်း ယွမ်(၂.၄၄၈၅၀၂)သန်း ရှိကြောင်း သိရှိရပါသည်။


(အရင်းအမြစ်၊ ရွှေလီအထွေထွေမီဒီယာစင်တာ၊ ဘာသာပြန်၊ Yunnan gateway)