အသက်(၇၀)အရွယ်အဘိုးအိုသည် စာအုပ်များကို တွန်းလှည်းဖြင့်ဆွဲကာ ‌ဈေးသို့သွားရောင်းသည်မှာ (၃)နှစ်ရှိပြီဖြစ်

2022-05-09 19:28:04 |သတင်းအရင်းအမြစ် 人民日报

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာလီပြည်နယ်ခွဲတွင် ယခုနှစ် အသက်(၇၀)အရွယ်ရှိပြီဖြစ်သော လီချွင်တယ်သည် လယ်ယာစာအုပ်ဆိုင်အုပ်ချုပ်ရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသည်မှာ (၈)နှစ်ရှိပြီဖြစ်သည်။ စာအုပ်ဆိုင်သို့ လာရောက်စာဖတ်ကြသူ နည်းပါးလာသော‌ကြောင့် (၂၀၁၉)ခုနှစ်မှစ၍ သူသည် စာအုပ်ရောင်းချနိုင်ရန် တွန်းလှည်းပြုလုပ်ကာ စာအုပ်ဆိုင်မှ စာအုပ်များကို စျေးသို့ဆွဲသွားပြီး ရောင်းချခဲ့ပါသည်။ ခြေထောက်မှာ သွားလာရ အဆင်မပြေသော်လည်း သူသည် နေ့စဉ်နံနက်စောစောထပြီး “စျေးဆိုင်ထွက်”နိုင်ရန် ဇွဲရှိစွာ လုပ်ဆောင်ခဲ့ပါသည်။ စာအုပ်ငှားဖတ်သူဦးရေကို စာအုပ်လေးဖြင့် မှတ်သားထားရာ (၃)နှစ်အတွင်း ဖတ်ရှုသူဦးရေ သောင်းချီရှိပြီ ဖြစ်ကြောင်း သိရပါသည်။
(အရင်းအမြစ်၊ ပြည်သူ့နေ့စဥ်သတင်းစာ , ဘာသာပြန်၊ Yunnan gateway)