ခေတ်သစ်စိုက်ပျိုးရေးသမား (၉၀)ခုနှစ်နောက်ပိုင်းဖွားထူးချွန်ကျောင်းသားသည် AI နည်းပညာဖြင့် ခရမ်းချဉ်သီး စိုက်ပျိုး

2022-05-09 19:30:59 |သတင်းအရင်းအမြစ် 央视新闻

“ခရမ်းချဉ်သီးက စကားပြောတတ်တယ် သိလား?” ပေကျင်းမိယွင်တွင်ရှိသော စိုက်ပျိုးရေးစခန်းရှိ ကြီရှင်းစိုက်ပျိုးရေးလုပ်ငန်း၏ တာဝန်ရှိသူ ရွှင်သန်းသည် နေ့စဉ် ရုံးခန်းသို့ဝင်ရောက်ကာ ဖန်လုံအိမ်ရာသီဉတုကွန်ပျူတာကို ပထမဆုံး ဖွင့်လိုက်ပြီး ယူနန်စခန်း၏ ယမန်နေ့ညတစ်ညလုံး၏ ဖန်လုံအိမ်အပူချိန်၊ စက်ကိရိယာလည်ပတ်မှုအခြေအနေကို စစ်ဆေးကြည့်ရှုသည်။

ထို့နောက် သူ၏တစ်ရက်တာအချိန်အများစုသည် ခရမ်းချဉ်သီးနှင့် အမြဲအတူရှိနေခဲ့သည်။ အဆိုပါလုပ်ငန်းစဉ်ကို “သီးနှံဖတ်ရှုခြင်း”ဟုခေါ်သည်။ “၎င်းက သူလိုအပ်တဲ့အရာကို ကျွန်တော်ထံပြောပြတယ်။ ကျွန်တော်ကလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးတယ်။ ကျွန်တော်လုပ်တာကောင်းရင် ၎င်းရဲ့ပျော်ရွှင်မှုကို ဖော်ပြမှာဖြစ်တယ်။ ဉပမာ အရွက်ကကြီးပြီး လင်းလက်တောက်ပြောင်နေတယ်။ အသီးကများပြီး ချိုတယ်။”

ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ရွှင်သန်းဦးဆောင်သော “ခရမ်းချဉ်သီးမြန်မြန်ကြီးထွား”အသင်း၊ တရုတ်နိုင်ငံ စိုက်ပျိုးရေးတက္ကသိုလ်မှဦးဆောင်သော “စမတ်ခရမ်းသီး”အသင်း၊ ကျဲကျန်းတက္ကသိုလ်လူငယ်ပညာရှင်များနှင့် ဖွဲ့စည်းသော “ပျော်ရွှင်တည်”အသင်းနှင့် ကွဲပြားမှုသုတေသနနောက်ခံရှိသော “မြင့်မြတ်စိုက်ပျိုးရေးဦးနှောက်” အသင်း တို့သည် ကမ္ဘာ့အသင်း(၁၅)သင်းအနက် ပေါ်လွင်လာပြီး ဒုတိယအကြိမ် “တော်တော်စိုက်ပျိုးရေး သိပ္ပံနည်းပညာပြိုင်ပွဲ” ဗိုလ်လုပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အဆိုပါ တက်ကြွသောလူငယ်များသည် အဝေးမှထိန်းချုပ်စိုက်ပျိုးသည့်နည်းလမ်းဖြင့် ယူနန်ကူမင်းယှဉ်ပြိုင်မှုစခန်းရှိ ကုန်းမြင့်ဖန်လုံခန်းအတွင်း၌ ခရမ်းချဉ်သီးကို ယှဉ်ပြိုင်စိုက်ပျိုးမည် ဖြစ်သည်။ အထွက်နှုန်း၊ အရည်အသွေး၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးနှင့် စီးပွားဖြစ်နိုင်ခြေအလားအလာတို့ကို ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

 

“တော်တော်စိုက်ပျိုးရေးသိပ္ပံနည်းပညာပြိုင်ပွဲ”သည် အစဉ်အလာပြိုင်ပွဲကြီးများနှင့်မတူဘဲ အဝေးမှထိန်းချုပ်သော စနစ်ဖြင့် လုပ်ဆောင်သည်။ ဗိုလ်လုပွဲတွင်ပါဝင်ယှဉ်ပြိုင်သည့် အသင်း(၄)သင်းသည် ပေကျင်း၊ ရှန်ဟဲ၊ ကျဲကျန်း၊ နယ်သာလန်စသည့်နေရာများမှ ဖန်လုံခန်းကို software ဖြင့် အဝေးမှ ထိန်းချုပ်မည်ဖြစ်သည်။ ယှဉ်ပြိုင်ခြင်း ရလဒ်သည် အသင်းတစ်ခုစီမှလုပ်ဆောင်သည့် စိုက်ပျိုးရေးဗျူဟာများကြောင့် ထိရောက်သော အပြောင်းအလဲရှိလာမည် ဖြစ်သည်။ အဆိုပါဗျူဟာများသည် လူသားနှင့် Algorithm တို့ အတူဆုံးဖြတ်သော ရလဒ်ဖြစ်ပါသည်။

ဉပမာ ပြိုင်ပွဲကာလအတွင်း ရွှင်သန်းသည် “သီးနှံဖတ်ရှုခြင်း”ကို ကိုယ်တိုင်လာရောက်မပြုလုပ်နိုင်ပေ။ သို့သော် ဖန်လုံခန်းတွင်တပ်ဆင်ထားသော အာရုံခံကိရိယာသည် ခရမ်းချဉ်သီး၏ ကြီးထွားမှုပတ်ဝန်းကျင်တွင် ကောင်းမွန်အဆင်ပြေမှုရှိမရှိကို တင်ပြလာပါသည်။ ပိုမိုတိုက်ရိုက်ဖြစ်သော တုံ့ပြန်ချက်သည် “ခရမ်းချဉ်သီးမြန်မြန်ကြီးထွား” အသင်းမှ ဒီဇိုင်းပြုလုပ်ထားသော “လူသားနှင့်စက် ပေါင်းစည်းမှုဉာဏ်ရည်” Algorithm မှလာခြင်းဖြစ်သည်။ အာရုံခံကိရိယာ၏ “ဖတ်ရှုခြင်း”အခြေအနေအလိုက် “ခရမ်းချဉ်သီးကို ပိုမိုပျော်ရွှင်အောင် မည်သို့ပြုလုပ်ရသနည်း။” ဟူသော ဆုံးဖြတ်ချက်အလိုက် လုပ်ဆောင်သွားပါသည်။ ၎င်းအပေါ် ရွှင်သန်းသည် သဘောတူ/မတူ ပြုလုပ်နိုင်ပါသည်။ သို့သော် သူ၏ဆုံးဖြတ်ချက်အလိုက် ခရမ်းချဉ်သီးနှင့် Algorithm တို့သည် အတတ်နိုင်ဆုံး သူတွေးခေါ်ထားသည့်အတိုင်း ကြီးထွားစေနိုင်မည်ဖြစ်ပါသည်။

“ခရမ်းချဉ်သီးက လိမ်၍ မပြောတတ်ပါ။ နေလို့ကောင်းရင် စားလို့ကောင်းမှာပါ။”ဟု ရွှင်သန်းကပြောသည်။

အသက်ငယ်ရွယ်သော ကျွမ်းကျင်စိုက်ပျိုးသူဖြစ်သော ရွှင်သန်းသည် ဖန်လုံခန်းထဲ၌ ခရမ်းချဉ်သီးစိုက်ပျိုးနေသည်မှာ (၉)နှစ်ရှိပြီ ဖြစ်ပါသည်။ “ကျွန်တော်တို့ခေတ်မှာ ကြုံတွေ့ရတဲ့ ပြဿနာဟာ ဘယ်လိုနည်းလမ်းနဲ့ မြေနှင့်ရေ ကို အနည်းဆုံးအသုံးပြုပြီး စားသောက်ကုန်ကို အများဆုံး စိုက်ပျိုးထွက်ရှိနိုင်ဖို့ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ကျွန်တော်တို့ဟာ ကောင်းကင်ကိုသာ မှီခို၍မရပါဘူး။ အခြားသောအရာများလည်း လိုအပ်ပါသေးတယ်။ ဒါဟာ သိပ္ပံနည်းပညာ ဖြစ်ပါတယ်”ဟု ရွှင်သန်းကပြောသည်။
(အရင်းအမြစ်၊ CCTV News,ပုံ၊ Peng Lai, ဘာသာပြန်၊ Yunnan gateway)