အနှစ်တစ်ရာ အတွေ့အကြုံများသည် ကွန်မြူနစ်လူငယ်အဖွဲ့ အနာဂတ်ရင်ဆိုင်ရန်နှင့် အကျိုးဆောင်မှုအသစ်များပြုလုပ်ရန်အတွက် အရေးကြီးသော အထောက်အပံ့ဖြစ်ဟု ရှီကျင့်ဖိန် ဆို

2022-05-10 18:19:32 |သတင်းအရင်းအမြစ် CRI

ယခုလ ၁၀ ရက်နေ့က တရုတ် ကွန်မြူနစ်လူငယ်အဖွဲ့ တည်ထောင်ခဲ့သည့် အနှစ် တစ်ရာပြည့် အထိမ်းအမှတ်ညီလာခံတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်က လွန်ခဲ့သည့် အနှစ် တစ်ရာအတွင်း ကွန်မြူနစ်လူငယ်အဖွဲ့သည် ခိုင်မာသောရည်မှန်းချက်နှင့် မယိမ်းယိုင်သော သန္နိဋ္ဌာန်ဖြင့်၊ အဖိုးတန်သော အတွေ့အကြုံ များကို ရရှိနိုင်ခဲ့ပြီး၊ ယင်းမှာ ကွန်မြူနစ်လူငယ်အဖွဲ့ အနာဂတ်ရင်ဆိုင်ရန်နှင့် အကျိုးဆောင်မှုအသစ်များ ပြုလုပ်ရန်အတွက် အရေးကြီးသော အထောက်အပံ့ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။