ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ဂျွန်လီအား ရွေးကောက်ပွဲအနိုင်ရရှိခဲ့ခြင်းအပေါ် ချီးကျူးဂုဏ်ပြု

2022-05-10 18:39:10 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခန့်အပ်ခံရသော John Lee အား မေ ၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ဂျွန်လီအား HKSAR ၏ ဆဋ္ဌမသက်တမ်းအုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံရသည့်အပေါ် မေ ၈ ရက်တွင် ချီးကျူးဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း သိရသည်။၎င်းအနေဖြင့် ဗဟိုပြည်သူ့အစိုးရထံသို့ ရွေးကောက်ပွဲရလာဒ်အစီရင်ခံစာတစ်စောင် တင်သွင်းသွားမည် ဖြစ်ကြောင်း ကယ်ရီလမ်းက ကြေညာချက်တွင် ပြောကြားခဲ့သည်။

ကယ်ရီလမ်း နှင့် လက်ရှိ HKSAR အစိုးရအဖွဲ့သည် ဂျွန်လီနှင့်အတူ ချောမွေ့သောအသွင်ကူးပြောင်းမှုအား သေချာအောင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နှင့် ဇူလိုင်လ ၁ ရက်တွင် အစိုးရအဖွဲ့သစ် သက်တမ်းသစ် တာဝန်ယူခြင်းအတွက် လိုအပ်သည့် ဝိုင်းဝန်းကူညီမှုများအားလုံးကို ပေးအပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

HKSAR အစိုးရအုပ်ချုပ်ရေးဆိုင်ရာ အတွင်းရေးမှူးချုပ်ဟောင်း ဂျွန်လီသည် မေ ၈ ရက်တွင် ကျင်းပပြုလုပ်သည့် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် သတ်မှတ်မဲအရေအတွက် ၇၅၀ အား ကျော်လွန်ကာ စုစုပေါင်းမဲအရေအတွက် ၁,၄၁၆ မဲဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)