တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Olaf Scholz နှင့် မေ ၉ ရက် ညနေပိုင်းက ပေကျင်းမြို့မှ ဗွီဒီယိုဖြင့်တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Olaf Scholzနှင့် မေ ၉ ရက် ညနေပိုင်းက ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သမ္မတရှီကျင့်ဖိန်က လက်ရှိ နိုင်ငံတကာအခြေအနေ ဆက်တိုက် ရှုပ်ထွေးပြောင်းလဲလျက်ရှိရာ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး၊ ဖွံ့ဖြိုးရေးသည် အခက်အခဲနှင့်စိန်ခေါ်မှုများ ပို၍သိသာထင်ရှားစွာ များပြားလာကြောင်း၊ အပြောင်းအလဲများနှင့်မတည်ငြိမ်သည့် ခေတ်ကာလတွင် တည်ငြိမ်၊ တိကျသေချာရေရာမှုများ အထူးလိုအပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံနှင့်ဂျာမနီနိုင်ငံသည် ဩဇာအရှိန်အဝါကြီးမားသော နိုင်ငံကြီးများဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို ထိန်းသိမ်းရန်မှာ အထူးလိုအပ်ရာ တရုတ်-ဂျာမနီ ဆက်ဆံရေး တည်ငြိမ်မှု၊ အပြုသဘောဆောင်မှု၊ ဦးဆောင်မှု အခန်းကဏ္ဍကို ကောင်းမွန်းစွား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ၎င်းမှာ နှစ်နိုင်ငံပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေရုံသာမက ကမ္ဘာ့တည်ငြိမ်အေးချမ်းရေးအတွက် အရေးပါသည့် အကျိုးဆောင်မှု ဖြစ်စေကြောင်း ဆိုသည်။
ပြီးခဲ့သည့် နှစ်ပေါင်း ၅၀ ကြာကာလတွင် တရုတ်-ဂျာမနီ ဆက်ဆံရေးသည် အဆင့်မြင့်တည်ငြိမ်စွာ လည်ပတ်လျက်ရှိကြောင်း၊ နှစ်ဖက်အကြား လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ မပြတ် နက်ရှိုင်းလာခြင်း နှင့်အတူ အတူဖွံ့ဖြိုးရေး၊ အပြန်အလှန်အောင်မြင်အကျိုးဖြစ်ထွန်းရေးကို ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ ၎င်း၏ သော့ချက်မှာ အပြန်အလှန်လေးစားမှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ရေးကို ခိုင်မာစွာ လက်ကိုင်ထားခြင်းကြောင့်ဖြစ်ရာ ဤအဖိုးတန်အတွေ့အကြုံနှင့် အရေးကြီးမူဝါဒများက မပြောင်းမလဲ အစဉ်အမြဲ ခိုင်မာစွာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သမ္မတရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Olaf Scholz နှင့် မေ ၉ ရက် ညနေပိုင်းက ပေကျင်းမြို့မှ ဗွီဒီယိုဖြင့်တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် တရုတ်-ဂျာမနီ ဆက်ဆံရေးအပေါ်ထားရှိသည့် မူရင်းသဘောထားပြောင်းလဲမည်မဟုတ်သလို ဂျာမနီနှင့်အားဖြည့်ပူးပေါင်းဆောင်ရွက်မည့် စိတ်ရင်းဆန္ဒ ပြောင်းလဲမည်မဟုတ်ကြောင်းနှင့် နှစ်နိုင်ငံအတူ ပို၍လေးနက်သည့် ကိစ္စရပ်ကြီးများ အတူအောင်မြင်အောင် ဆောင်ရွက်မည့် ယုံကြည်ချက်လည်း ပြောင်းလဲမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Olaf Scholz နှင့် မေ ၉ ရက် ညနေပိုင်းက ပေကျင်းမြို့မှ ဗွီဒီယိုဖြင့်တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)
နှစ်နိုင်ငံအနေဖြင့် တွေ့ဆုံဆွေးနွေးပူးပေါင်းဆောင်ရွက်မှုကို အဓိကထားပြီး နှစ်ဖက်ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုယန္တရားကို ကောင်းမွန်စွာ အသုံးချကြရမည် ဖြစ်ကြောင်း၊ ဥတုရာသီပြောင်းလဲမှုအား ဖြေရှင်းရေး၊ မက်ခရိုစီးပွားရေးမူဝါဒ၊ ဘဏ္ဍာရေးတည်ငြိမ်ရေး၊ စွမ်းအင်ဖူလုံရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ထုတ်ကုန်လုပ်ငန်းပံ့ပိုးမှုကွင်းဆက် တည်ငြိမ်ရေးစသည့် ကဏ္ဍအသီးသီးတွင် တွေ့ဆုံညှိနှိုင်းဆွေးနွေးကာ တရုတ်-ဂျာမနီဆက်ဆံရေး အနက်အဓိပ္ပါယ်ကို ပြည့်ဝအောင် မပြတ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမည့် ပူးပေါင်းဆောင်ရွက်မှုအလားအလာများကို ရှာဖွေကာ အစိမ်းရောင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဝန်ဆောင်မှုကုန်သွယ်ရေး၊ ဉာဏ်ရည်တုစွမ်းရည်၊ ဒစ်ဂျစ်တယ်အသွင်ပြောင်းရေး စသည့် နည်းပညာသစ်ကဏ္ဍာရပ်များ၏ ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ ချဲ့ထွင်သွားရမည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး အခင်းအကျင်းသစ်ကို တရုတ်နိုင်ငံက အရှိန်အဟုန်မြှင့်တည်ဆောက်လျက်ရှိရာတွင် ဂျာမနီအပါအဝင် နိုင်ငံအသီးသီးအတွက် ကျယ်ပြန့်သည့် ဈေးကွက်အခွင့်အလမ်း ပံ့ပိုးခြင်းများ ပါဝင်ကြောင်း သမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
စစ်မှန်သည့် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို အဆိုပြုခြင်း၊ နိုင်ငံတကာတရားမျှတမှုကို ထိန်းသိမ်းကာကွယ်ခြင်း၊ ကုလသမဂ္ဂ၏ နိုင်ငံတကာရေးရာ ဗဟိုအချက်အခြာ အခန်းကဏ္ဍကို လက်တွဲ ကာကွယ်ထိန်းသိမ်းခြင်း၊ နိုင်ငံတကာဆက်ဆံရေးအခြေခံမူကို ကာကွယ်ထိန်းသိမ်းခြင်းဖြင့် ပို၍တံခါးဖွင့်ပွင်းလင်းသော ကမ္ဘာစီးပွားရေး တည်ဆောက်မှုကို တွန်းအားပေးပြီး ကမ္ဘာတစ်ဝန်း ဟန်ချက်ညီညီ၊ ညှိနှိုင်း၊ပါဝင်မှုရှိသော ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရမည် ဖြစ်ကြောင်း ၊ ဂျာမနီနိုင်ငံက ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်နှင့် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအဆိုပြုချက်ကို တက်ကြွစွာ ထောက်ခံအားပေးပါဝင်ပြီး လူသားမျိုးနွယ် ကံကြမ္မာတူအကျိုးတူ အသိုက်အဝန်းတည်ဆောက်ရေး တွန်းအားခြင်းကို ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။
သမ္မတရှီကျင့်ဖိန်က တရုတ်-ဥရောပသည် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်များဖြစ်ရာ တရုတ်-ဥရောပ၏အခွင့်အလမ်းနှင့်ဘုံအကျိုးစီးပွားသည် ကွဲလွဲမှုများထက် များစွာ သာလွန်ကြောင်း အလေးထားပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ၏ မဟာဗျူဟာ ကိုယ်ပိုင်ဆုံးဖြတ်မှုကို ထောက်ခံကြောင်း၊ တရုတ်-ဥရောပဆက်ဆံရေးသည် အခြားတတိယတစ်ဖက်ကို ဦးတည်ခြင်း၊ လိုက်လျောခြင်း၊ ကန့်သတ်မှုခံရခြင်းမရှိကြောင်း၊ ၎င်းမှာ နှစ်နိုင်ငံ ရေရှည်ခိုင်မာစွာထားရှိရမည့် မဟာဗျူသဘောတူညီမှု ဖြစ်သင့်ကြောင်း၊ နှစ်ဖက်အနေဖြင့် အမှားအမှန်ဝေဖန်ခွဲခြား၍ရေရှည်အမြင်ထားရှိသင့်ရာ အပြန်အလှန်လေးစားခြင်း၊ မှန်ကန်သည့်အမြင်ထားရှိခြင်း၊ ညှိနှိုင်းဆွေးနွေးမှုကို အားဖြည့်ခြင်း ၊အပြန်အလှန်ယုံကြည်မှု တိုးမြှင့်ခြင်းများကို ခိုင်မာစွာ လက်ကိုင်ဆောင်ရွက်သွားသင့်ကြောင်း ၊ ပထဝီနိုင်ငံရေးအကျပ်အတည်းကို ရင်ဆိုင်ရာတွင် ဆွေးနွေးညှိနှိုင်းမှုနှင့်ပူးပေါင်းဆောင်ရွက်မှုကို ရှေ့ဆောင်ထား၍ တရုတ်-ဥရောပဆက်ဆံရေး၏တည်ငြိမ်မှုဖြင့် နိုင်ငံတကာအခြေအနေ ရှုပ်ထွေးပြောင်းလဲမှုကို ဖြေရှင်းရမည် ဖြစ်ကြောင်း၊ ကပ်ရောဂါအလွန် ပြန်လည်နိုးထရေး အခက်အခဲကို ရင်ဆိုင်ရာတွင် မဟာဗျူဟာချိတ်ဆက်မှုနှင့်မူဝါဒ ညှိနှိုင်းမှုကို အားဖြည့်၍ တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်သည့် ပွင့်လင်းမှုဖြင့် ကမ္ဘာ့စီးပွားရေးလုပ်ငန်း တည်ငြိမ်စွာ တိုးတက်လာအောင် တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် ဥတုရာသီပြောင်းလဲမှု၊ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတက်ရေးစသည့် လူသားမျိုးနွယ် အနာဂတ်နှင့်သက်ဆိုင်သည့် ကဏ္ဍရပ်များကို အားစိုက်ပြီး တရုတ်-ဥရောပ ကျယ်ပြန့်စွာ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၊ တရုတ်-ဥရောပ ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျာမနီနိုင်ငံမှ ပြုသဘောအခန်းကဏ္ဍမှ ပါဝင်စေလိုကြောင်း သမ္မရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
ဂျာမနီဝန်ကြီးချုပ် Olaf Scholzက ယခုနှစ်ပိုင်းများတွင် ဂျာမနီ-တရုတ် ဆက်ဆံရေး တိုးတက်ဖွံ့ဖြိုးလာခြင်းမှာ အလွန်ကောင်းမွန်ကြောင်း၊ နှစ်ဖက်အနေဖြင့် အစဉ်အလာကောင်းကို ဆက်ခံသင့်ပြီး နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်လာသောအရှိန်အဟုန်ကောင်းကို ဆက်လက်တွန်းအားပေးရမည် ဖြစ်ကြောင်း ဆိုသည်။
ဂျာမနီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ်ပြုလုပ်သွားမည်ဖြစ်ရာ အလွှာအသီးသီး နီးကပ်သည့်ဆက်သွယ်သွားလာမှုများ ထိန်းသိမ်းထားလိုကြောင်း၊ ဂျာမနီ-တရုတ် အစိုးရ ညှိနှိုင်းဆွေးနွေးမှုအသစ်ကြိမ် ကျင်းပသွားဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ပံ့ပိုးမှုကွင်းဆက်တည်ငြိမ်ရေး၊ မက်ခရို စီးပွားရေး ညှိနှိုင်းရေး စသည့် အရေးကြီးကဏ္ဍရပ်များကို တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ရာ ကုန်သွယ်မှုရင်းနှီးမြှုပ်နှံရေး၊ ဥတုရာသီပြောင်းလဲမှု၊ ကပ်ရောဂါတိုက်ဖျက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးယဉ်ကျေးမှုစသည့် ကျယ်ပြန့်သော ကဏ္ဍများတွင် အားဖြည့်ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။
ဂျာမီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အဆင့်မြင့် ပြည်ပတံခါးဖွင့်မှု တိုးချဲ့ရေး အားထုတ်ကြိုးပမ်းခြင်းကို ကြိုဆိုရာ ၎င်းမှာ ဂျာမနီအတွက် အခွင့်အလမ်းများစွာ ဆောင်ကြဉ်းပေးမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ဘက်ပေါင်းစုံကဏ္ဍ ညှိနှိုင်းမှုများ တိုးမြှင့်ဆောင်ရွက်သွားလိုပြီး ဥရောပ-တရုတ် ဆက်ဆံရေး အပြုသဘော တိုးတက်အောင် တွန်အားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဂျာမနီဝန်ကြီးချုပ် Olaf Scholzက ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးမှုတွင် နှစ်နိုင်ငံ ခေါင်းဆောင်များက ယူကရိန်းအရေး ရင်းနှီးပွင့်လင်းစွာ အမြင်သဘောထားခြင်း ဖလှယ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆွေးနွေးဖလှယ်ရာတွင် သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးဘက်မှ အစဉ်အမြဲ ရပ်တည်သွားမည် ဖြစ်ရာ ကိစ္စရပ်၏ အဖြစ်အပျက် အဆိုးအကောင်းပေါ်မူတည်ကာ လွတ်လပ်စွာ ကိုယ်ပိုင်ဆုံးဖြတ်မည်ဖြစ်ပြီး မိမိ၏နည်းလမ်းဖြင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် ၊အခြေအနေများ အေးဆေးလာစေရန် အစဉ်အမြဲတိုက်တွန်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ယူကရိန်းအကျပ်အတည်းသည် ဥရောပလုံခြုံရေးကို နောက်ထပ်တစ်ဖန် အရေးကြီးသည့် လမ်းဆုံသို့ တွန်းပို့လိုက်ခြင်း ဖြစ်ကြောင်း၊ ပဋိပက္ခအရှိန် ကြီးကျယ်ပြင်းထန်လာပြီး ထိန်းမနိုင်သိမ်းမရအခြေအနေဖြစ်မည်ကို အစွမ်းကုန် ရှောင်ရှားရမည် ဖြစ်ကြောင်း ၊ ဥရောပတိုက်၏လုံခြုံရေးသည် ဥရောပတိုက်သားများ၏ လက်ဝယ်၌သာ တည်ရှိသင့်ကြောင်း ၊ ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်တွင် ဥရောပက အပြုသဘောအခန်းကဏ္ဍမှ ပါဝင်ပြီး မျှတ၊ ထိရောက်၍ စဉ်ဆက်မပြတ်ဖြစ်သော ဥရောပလုံခြုံရေးမူဘောင်တည်ဆောက်ရေး တွန်းအားပေးမှုကို တရုတ်နိုင်ငံအနေဖြင့် ထောက်ခံပါကြောင်း၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုအတွက် အကျိုးဖြစ်ထွန်းစေမည့် နိုင်ငံတကာ၏ ကြိုးပမ်းဆောင်ရွက်မှုများကို တရုတ်နိုင်ငံက ကြိုဆိုရာ သက်ဆိုင်ရာဘက်ပေါင်းစုံကလည်း ရုရှား-ယူကရိန်း နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်ခြင်းကို အားပေးထောက်ခံသင့်ပါကြောင်း ပြောကြားခဲ့သည်။အဆိုဆွေးနွေးပွဲကို တင်းရွှဲရှန်၊ ယန်ကျဲချီ၊ ဝမ်ရိနှင့် ဟဲလိဖုန်းတို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)