ယူနန်၏ခရိုင်တစ်ခုတွင် အမြွာပူး အတွဲ(၁၀၀၀)ကျော် နေထိုင်လျက်ရှိ

2022-05-11 18:58:05 |သတင်းအရင်းအမြစ် 普洱文旅资讯

မော်ကျန်းဟားနီတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်‌ခွင့်ရခရိုင်သည် တရုတ်နိုင်ငံယူနန်ပြည်နယ်တောင်ပိုင်းတွင် တည်ရှိပါသည်။ Tropic of Cancer မြောက်ယာဉ်စွန်းတန်းသည် ခရိုင်မြို့အလယ်မှ ဖြတ်သန်းသွားပါသည်။ မော်ကျန်းခရိုင်တွင် အမြွှာပူးအတွဲ(၁၀၀၀)ကျော် နေထိုင်နေလျက်ရှိသောကြောင့် တမူထူးခြားသော အမြွှာပူးယဉ်ကျေးမှု ဖြစ်ထွန်းနေပါသည်။ နှစ်စဉ်နှစ်တိုင်းကျင်းပသော မော်ကျန်းအမြွှာပူးပွဲတော်သည် တရုတ်နိုင်ငံတွင် အကြီးမားဆုံးသော အမြွှာပူးပွဲတော် ဖြစ်သည်။ ယခုနှစ်တွင် (၁၆)ကြိမ်မြောက် တရုတ်မော်ကျန်း Tropic of Cancer မြောက်ယာဉ်စွန်းတန်းအပြည်ပြည်ဆိုင်ရာအမြွှာပူးပွဲတော်နှင့် ဟားနီနေမင်းပွဲတော်ကို ၂၀၂၂ ခုနှစ် မေလ(၂၀)ရက်နေ့မှ ဇွန်လ(၂၁)ရက်နေ့ထိ အွန်လိုင်းပွဲတော်အစီအစဉ်များ ဆက်တိုက် ကျင်းပသွားမည် ဖြစ်ပါသည်။

(အရင်းအမြစ်၊ ဖူအလ်ယဥ်ကျေးမှုနှင့်ခရီးသွားလာရေးသတင်းအချက်အလက် Wechat အကောင့်၊ ဘာသာပြန်၊ Yunnan gateway)