ဟောင်ကောင်ရေးရာများတွင် အချို့အီးယူနိုင်ငံရေးသမားများ၏ အသုံးမကျသော ခြေရှုပ်မှုများကို ချက်ချင်းရပ်တန့်ရန် ဟောင်ကောင်ရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကော်မရှင်နာရုံး တိုက်တွန်း

2022-05-12 17:26:23 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံတောင်ပိုင်း ဟောင်ကောင်ရှိ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) ဆိုင်ရာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာရုံး၌ အလံတင်အခမ်းအနားပြုလုပ်နေသည်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်တွင်တွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင်ရေးရာကိစ္စရပ်များတွင် ၎င်းတို့၏ အသုံးမကျသော ပါဝင်ခြေရှုပ်နေမှုများကို ချက်ချင်းရပ်တန့်ရန် နှင့် ၎င်းတို့ရပ်တည်ရမည့်နေရာမှန်ပေါ်တွင် ရပ်တည်ရန် နှင့် သမိုင်းကြောင်း အခင်းအကျင်းပြောင်းလဲမှုကို အသိအမှတ်ပြုလက်ခံရန် ဥရောပသမဂ္ဂ(အီးယူ) နိုင်ငံရေးသမားအချို့ကို ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) ရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာရုံးက မေ ၈ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ဆဋ္ဌမသက်တမ်းအုပ်ချုပ်ရေးမှူးရွေးကောက်ပွဲတွင် ဂျွန်လီက ဥပဒေအရ လိုအပ်သည့်ထောက်ခံမဲအရေအတွက်ထက် ကျော်လွန်ကာ မဲအရေအတွက်ပေါင်းများစွာရရှိပြီး အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခန့်အပ်ခံရခြင်းနှင့်အတူ HKSAR ရွေးကောက်ပွဲကို မေ ၈ ရက် အစောပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

တရုတ်နိုင်ငံဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ဆဋ္ဌမသက်တမ်းအုပ်ချုပ်ရေးမှူးအဖြစ်ရွေးချယ်ခန့်အပ်ခံရသော ဂျွန်လီက ဟောင်ကောင်ကွန်ဗင့်ရှင်း နှင့်ပြပွဲစင်တာ၌ မေ ၈ ရက်တွင် ထောက်ခံသူများအား လက်ဝှေ့ယမ်းနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင်(HKSAR) ဒေသတစ်ခုလုံးရှိ အလွှာပေါင်းစုံမှ ပြည်သူများက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းအပေါ် လှိုက်လှိုက်လှဲလှဲဂုဏ်ယူဝမ်းမြောက်ကြောင်း အသီးသီးဖော်ပြခဲ့ကြသည်။ သို့သော်လည်း နိုင်ငံတကာဥပဒေ နှင့် နိုင်ငံတကာအစိုးရချင်း ဆက်ဆံရေးအခြေခံမူများအား ချိုးဖောက်၍ ဥရောပသမဂ္ဂ(အီးယူ) နိုင်ငံခြားရေးရာ နှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အထူးကိုယ်စားလှယ်ရုံး နှင့် အချို့အနည်းငယ်မျှသော နိုင်ငံရေးသမားများက ဟောင်ကောင်ရွေးကောက်ပွဲစနစ် ၊ ရွေးကောက်ပွဲရလဒ် နှင့် ဟောင်ကောင်ဆိုင်ရာ တရုတ်ဗဟိုအစိုးရ၏ မူဝါဒများအပေါ် သွားပုပ်လေလွင့်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ဟောင်ကောင်ရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၅ နှစ်မြောက်အခါသမယဖြစ်သော ယခုနှစ်တွင် တိုက်ဆိုင်စွာကျင်းပပြုလုပ်သည့် ဟောင်ကောင်ရွေးကောက်ပွဲသည် ကြီးမားသော အောင်မြင်မှုရရှိခဲ့ကြောင်း နှင့် ” တစ်နိုင်ငံစနစ်နှစ်မျိုး” မူဝါဒသည် ကာလသစ်တစ်ခုဆီသို့ ထိုးဖောက်ဝင်ရောက်နေပြီဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ဟောင်ကောင်ဝိသေသ သွင်ပြင် လက္ခဏာများနှင့်အတူ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးတွင် အောင်မြင်သော အလေ့အကျင့်ကောင်းတစ်ခုအနေဖြင့် ရွေးကောက်ပွဲသည် “ နိုင်ငံကိုချစ်မြတ်နိုးသူများ ဟောင်ကောင်ကိုအုပ်ချုပ်ခြင်း” အခြေခံစည်းမျဉ်းကို ဖြည့်ဆည်းအကောင်အထည်ဖော်ရင်း ရွေးကောက်ပွဲစနစ်သစ်၏ အမြင့်ဆုံး သာလွန်ထူးကဲမှုကို ထုတ်ဖော်ပြသခဲ့ကြောင်း နှင့် ပရမ်းပတာအခြေအနေမှ တည်ငြိမ်မှု နှင့် စည်ပင်ဝပြောမှုဆီ ကူးပြောင်းရန် ဟောင်ကောင်အား သေချာခိုင်မာစေခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။

ရွေးကောက်ပွဲသည် တရားမျှတပြီး သမာသမတ်ရှိသလို ဥပဒေများ နှင့် စည်းမျဉ်းစည်းကမ်းများကိုလည်း ကျင့်သုံးလိုက်နာမှုရှိကြောင်း နှင့် လီအပေါ် ပြည်သူ့ထောက်ခံမှု ခိုင်ခိုင်မာမာရှိနေသည်ကို မဲရလဒ်က သက်သေခံနေကြောင်း ပြောရေးဆိုခွင့်ရှိသူက မီးမောင်းထိုးပြောကြားခဲ့သည်။

ယခုရွေးကောက်ပွဲကို ရွေးကောက်ပွဲစနစ်သစ်အောက်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဟောင်ကောင်၏ ဒီမိုကရေစီသည် အချိန်ကာလကြာညောင်းလာသည်နှင့်အမျှ ဟောင်ကောင်၏ ရေရှည်တည်ငြိမ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းကျိုးများကို ဖြစ်ထွန်းစေခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။

ပြီးခဲ့သော ၂၅ နှစ်တာကာလအတွင်း တရုတ်နိုင်ငံဗဟိုအစိုးရအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အမြင့်ဆုံးအခွင့်အာဏာတစ်ခု နှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသကို ဟောင်ကောင်ပြည်သူများက အုပ်ချုပ်သည့် “ တစ်နိုင်ငံ စနစ်နှစ်မျိုး” အခြေခံစည်းမျဉ်းစည်းကမ်းများကို ပြည့်ပြည့်ဝဝ အောင်အောင်မြင်မြင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်။

တရုတ်နိုင်ငံဗဟိုအစိုးရအနေဖြင့် နိုင်ငံတော်အချုပ်အခြာအာဏာ ၊ လုံခြုံရေး ၊ ဖွံ့ဖြိုးတိုးတက်ရေးအကျိုးစီးပွားများ နှင့် ဟောင်ကောင်၏ စည်ပင်ဝပြောရေး နှင့် တည်ငြိမ်ရေးကို ခိုင်ခိုင်မာမာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ ယင်းမှာ ဟောင်ကာင်ဝိသေသသွင်ပြင်လက္ခဏာများနှင့်အတူ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးကို အလုံးစုံ ထောက်ခံအားပေးခဲ့ပြီး ဟောင်ကောင်ဒေသခံများ၏ ဥပဒေကြောင်းအရ အခွင့်အရေးများ နှင့် လွတ်လပ်မှုများ အားလုံးကို အကာအကွယ်ပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)