တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Bilawal ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေး

2022-05-12 17:30:21 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မေ ၁၁ ရက်က ပေကျင်းမြို့မှ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Bilawal နှင့် ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

 

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Bilawalနှင့် မေ ၁၁ ရက်က ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက တရုတ်-ပါကစ္စတန် သည် ရာသီအချိန်အခါမရွေး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သီးခြားတည်ရှိရာ ကာလကြာရှည်စမ်းသပ်မှုဒဏ် ခံနိုင်ရည် ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မေ ၁၁ ရက်က ပေကျင်းမြို့မှ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Bilawal နှင့် ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

နှစ်ဖက်ချစ်ကြည်ရေး ခေတ်အဆက်ဆက် လက်ဆင့်ကမ်းခဲ့ခြင်းကြောင့် တစ်ကြိမ်တစ်ခါ၊ ကိစ္စရပ်တစ်ခုတစ်လေကြောင့် ယိမ်းယိုင် ပြောင်းလဲသွားမည် မဟုတ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်နိုင်ငံ၏အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဂုဏ်သိက္ခာ ကာကွယ်စောင့်ရှောက်မှုကို ယခင်အတိုင်း အစဉ်အမြဲ ထောက်ခံသွားမည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးရေး ၊ အမျိုးသားပြန်လည်ရှင်သန်ရေးအတွက် ပါကစ္စတန်၏ အားထုတ်ကြိုးပမ်းမှုများကိုလည်း ခိုင်မာစွာ အားပေးသွားမည် ဖြစ်ကြောင်း၊ ပါကစ္စတန်နိုင်ငံကလည်း တရုတ်နိုင်ငံ၏ ဗဟိုအကျိုးစီးပွားကိစ္စရပ်များတွင် တရုတ်နိုင်ငံနှင့်အတူ ခိုင်မာစွာ ရပ်တည်မည်ဟု ယုံကြည်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

Bilawalကလည်း နိုင်ငံခြားရေးဝန်ကြီးတာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံးအကြိမ် တရားဝင် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရသည့်အတွက် အထူးဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ ပါကစ္စတန်၏အာဏာရပါတီ ဖြစ်စေ ၊ အတိုက်အခံပါတီဖြစ်စေ အားလုံးက ပါကစ္စတန်-တရုတ် ချစ်ကြည်ရေးကို ခိုင်မာစွာ အားပေးထောက်ခံကြောင်း၊ ၎င်းမှာ ပါကစ္စတန်လူမျိုးများ၏ တူညီသည့်သဘောထားဖြစ်ကြောင်း၊ ပါကစ္စတန်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လက်ကိုင်ကျင့်သုံးရာ တရုတ်နိုင်ငံ၏ ထိုင်ဝမ်၊ ရှင်းကျန်း၊ တိဗက်၊ တောင်တရုတ်ပင်လယ် စသည့် ကိစ္စရပ်များ၏ ရပ်တည်ချက်ကို ခိုင်မာစွာ ထောက်ခံကြောင်း ၊ ပါကစ္စတန်နိုင်ငံအနေဖြင့် “ရပ်ဝန်းနှင့်ပိုးလမ်းမ”အဆိုပြုချက် အထူးသဖြင့် ပါကစ္စတန်-တရုတ် စီးပွားရေးစင်္ကြံတည်ဆောက်မှုကို အစွမ်းကုန် အားပေးထောက်ခံကြောင်း ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပါကစ္စတန်ရှိ တရုတ်နိုင်ငံသားနှင့်ဌာနများ၏လုံခြုံရေးကဏ္ဍအား အမြင်သဘောထားခြင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)