ပြန်လည်အသုံးပြုနိုင်သော အမြန်ချောသေတ္တာလာပါပြီ

2022-05-12 17:31:50 |သတင်းအရင်းအမြစ် 新华网

ယခုရက်ပိုင်းShun Fengသယ်ယူပို့ဆောင်ရေးမှ သုတေသနပြုတီထွင်သော ပြန်လည်အသုံးပြုနိုင်သည့် အမြန်ချောပို့သေတ္တာအသစ်ကို ပေကျင်းမြို့တွင် ကျယ်ကျယ်ပြန့်ပြန့် စတင်အသုံးပြုနေပြီဖြစ်ပါသည်။ “π-box” အမည်ရှိသော အဆိုပါထုပ်ပိုးသေတ္တာသည် အကြိမ်(၇၀)နှင့်အထက် ပြန်လည်အသုံးပြုနိုင်ပြီး သေတ္တာထုတ်လုပ်မှုကုန်ကြမ်း၏ (၉၆%)ကိုလည်း ပြန်လည်အသုံးပြုနိုင်ပါသည်။ အမြန်ချောပို့သမားများ ကုန်ပစ္စည်းပေးပို့သည့်အခါ ဧည့်သည်အိမ်၌ သေတ္တာဖွင့် ပစ္စည်းထုတ်ယူပေးပြီးနောက် ပြန်လည်အသုံးပြုနိုင်ရန် သိမ်းသွားမည်ဖြစ်သည်။ ဤသို့ဖြင့် စက္ကူသေတ္တာနှင့် ပလပ်စတစ်ပါကင်အိတ်များစွာကို လျှော့ချအသုံးပြုနိုင်မည် ဖြစ်ပါသည်။

(အရင်းအမြစ်၊ Xinhua, ဘာသာပြန်၊ Yunnan gateway)