တရုတ်နိုင်ငံ ချုံချင့်လေဆိပ်တွင် လေယာဉ်မီးလောင်မှုဖြစ်ပွား၊ ခရီးသည်(၄၀)ကျော် အနည်းငယ်ဒဏ်ရာရ

2022-05-12 18:04:29 |သတင်းအရင်းအမြစ် 中新网

ပုံ၊ ကျန်းပေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို တွေ့နေစဥ်။

မေလ(၁၂)ရက်နေ့ နံနက်(၈)နာရီ(၉)မိနစ်တွင် တရုတ်နိုင်ငံ Xizang လေကြောင်းလိုင်း TV9833 ခရီးစဉ် (ချုံချင့်မှ လင်ကျီးသို့)သည် ချုံချင့်မြို့ ကျန်းပေအပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာပျံသန်းစဉ် ပြေးလမ်းမှလမ်းကြောင်းလွဲသွားခဲ့ရာမှ လေယာဉ်ခေါင်းခန်းဘယ်ဘက်ခြမ်း မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။ ချုံချင့်မြို့ ကျန်းပေအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းကို အချိန်နှင့်တပြေးညီ လျင်မြန်စွာ လုပ်ဆောင်ခဲ့သည်။ မီးလောင်မှုဖြစ်ပွားရာနေရာသို့ အရေးပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့များဖြစ်သော ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဆေးကုသရေးတပ်ဖွဲ့များ လျင်မြန်စွာရောက်ရှိကြပြီး လေယာဉ်ပေါ်ရှိလူများ၏ အသက်လုံခြုံမှုအတွက် လုပ်ဆောင်ခဲ့ကြရာ ခရီးသည် (၁၁၃)ဦးနှင့် လေယာဉ်အမှုထမ်း(၉)ဦးအားလုံးတို့ကို ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့ပါသည်။ ၎င်းတို့အနက် ခရီးသည်(၄၀) ကျော်သည် အနည်းငယ်ဒဏ်ရာရရှိခဲ့ပြီး မြို့တွင်းဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ခဲ့ပါသည်။ လက်ရှိတွင် မတော်တဆမှု၏ အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ပြီး ချုံချင့်မြို့ ကျန်းပေ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေကြောင်းခရီးစဉ်များ ပုံမှန် ပြန်လည်ပျံသန်းနေပြီဖြစ်ကြောင်း သိရသည်။

(အရင်းအမြစ် - Chinanews ၊ ဘာသာပြန် - Yunnan Gateway)