အမေရိကန်၏ ယခင်က ကြဲချသည့် ဗုံးသည် ယခုအချိန်ထိ က‌မ္ဘောဒီယားပြည်သူပြည်သား၏ အသက်လုံခြုံရေးကို ခြိမ်းခြောက်နေ

2022-05-13 18:55:40 |သတင်းအရင်းအမြစ် 新华网

လတ်တလောရက်ပိုင်း ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ဖနွမ်းပင်တွင် မြစ်အတွင်းအမှိုက်သန့်ရှင်းရေး ပြုလုပ်စဉ် အလေးချိန်(၁)တန်ခန့်ရှိသော၊ ယမ်း(၅၀၀)ကီလိုဂရမ်ခန့်ထည့်ထားသည့် အမေရိကန်၏ အကြီးစား လေကြောင်းဗုံးတစ်လုံး တွေ့ရှိခဲ့ပါသည်။ ၎င်းဗုံးသည် မြစ်ကြမ်းပြင်တွင် ရာစုနှစ်တစ်ဝက်နီးပါး နစ်မြုပ်နေခြင်း ဖြစ်သည်။ လူများမှ တွေ့ရှိမှုမရှိပဲ ပေါက်ကွဲမှုဖြစ်ပါက အလွန်ဆိုးရွားသော ဆိုးကျိုးများ ဖြစ်လာနိုင်ပါသည်။

ကမ္ဘောဒီးယား BELTEI International University မှ ပါမောက္ခ Joseph Matthews သည် ဆင်ဟွာသတင်းဌာန၏ အင်တာဗျူးတွင် ကမ္ဘောဒီးယားနိုင်ငံတွင် ဗီယက်နမ်စစ်ပွဲကာလက အမေရိကန်နိုင်ငံမှ ကြဲချသောဗုံးများ အနက် မပေါက်ကွဲသေးသောလက်နက်များ ရှိနေသေးကြောင်း လူအများသည် ၎င်းကြောင့် အသက်ဆုံးရှုံးခြင်း သို့မဟုတ် ကိုယ်အင်္ဂါများဆုံးရှုံးခြင်းများ ဖြစ်ရကြောင်း ပြောဆိုခဲ့ပါသည်။

“အမေရိကန်နိုင်ငံသည် အဆိုပါဒုက္ခရောက်ရှိသူများအတွက် ကျင့်ဝတ်တာဝန်ရှိပါသည်။ ကျင့်ဝတ်နှင့် တရားဥပဒေရှုထောင့်မှ အဆိုပါသေဆုံးသူများနှင့် ၎င်းတို့၏မိသားစုဝင်များအပေါ် လျော်ကြေးအပြည့်အဝ ပေးဆောင် သင့်သည်”ဟု Matthews က ဤသို့သုံးသပ်ပြောကြားပါသည်။

ကမ္ဘောဒီးယားနိုင်ငံ မိုင်းရှင်းလင်းရေးစင်တာ၏ သတင်းအရ ဗုံးရှင်းလင်းရေးကျွမ်းကျင်သူသည် ဖနွမ်းပင်မြို့အစိုးရ နှင့် ပူးပေါင်းပြီး အဆိုပါတွေ့ရှိသော AN-M66 ပုံစံဗုံးကို ဘေးကင်းလုံခြုံသည့်နေရာသို့ပြောင်းရွေ့ပြီး စီစဉ်နေပြီဖြစ်ပါသည်။ ယခုနှစ်ဧပြီလတစ်လတည်းတွင် အဆိုပါစင်တာမှ ကမ္ဘောဒီးယားပြည်တွင်း၌ မပေါက်ကွဲသေးသော အမေရိကန်လေကြောင်းဗုံး (၅)ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါသည်။ ဗုံးတစ်ခုစီ၏အလေးချိန်မှာ (၂၀၀)ကီလိုဂရမ်ကျော်ရှိပါသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် မိုင်းအန္တရယ်အများဆုံးသော နိုင်ငံအနက်တစ်နိုင်ငံဖြစ်သည်။ ကမ္ဘောဒီးယားအစိုးရ၏ အချက်အလက်များအရ (၁၉၇၉)ခုနှစ်မှ (၂၀၂၁)ခုနှစ်အတွင်း မပေါက်ကွဲသေးသော မြေမြုပ်မိုင်းစသည့်ပစ္စည်းများကြောင့် ကမ္ဘောဒီးယားပြည်သူ(၂)သောင်းခန့်သေဆုံး၊ (၄.၅)သောင်းကျော်သည် ကိုယ်လက်အင်္ဂါဆုံးရှုံးစေခဲ့ကြောင်း သိရပါသည်။

မပြည့်စုံသောစာရင်းဇယားများအရ ၁၉၆၅ ခုနှစ် အောက်တိုဘာလမှ ၁၉၇၃ ခုနှစ် သြဂုတ်လအထိ အမေရိကန် နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံတွင် ပေါက်ကွဲပစ္စည်းပေါင်းတန်ချိန်(၂၇၀)တန်ကျော်ကို ကြဲချခဲ့ကြောင်း အမေရိကန် နိုင်ငံ Yale University ၏ official website မှ သုတေသနဆောင်းပါးတစ်ခုအရ သိရှိရပါသည်။
(အရင်းအမြစ်၊ Xinhua၊ ပုံ၊ ကမ္ဘောဒီးယားနိုင်ငံ မိုင်းရှင်းလင်းရေးစင်တာ၊ ဘာသာပြန်၊ Yunnan gateway)