၂၀၀၈ ခုနှစ် စီချွမ်းပြည်နယ် ဝိမ်ချွမ်းမြေငလျင်လှုပ်ခတ်ရာတွင် ပါဝင်ခဲ့သည့် ရှာဖွေကယ်ဆယ်ရေးခွေးမှ နောက်ဆုံးတစ်ကောင် ကွယ်လွန်ခဲ့

2022-05-13 18:56:59 |သတင်းအရင်းအမြစ် 人民日报、央视新闻

၂၀၀၈ ခုနှစ် မေလ(၁၂)ရက်နေ့ တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ဝိမ်ချွမ်းတွင် ပြင်းအားအဆင့်(၈.၀)ရှိ မြေငလျင်လှုပ်ခတ်ခဲ့ရာ လူပေါင်း(၇)သောင်းခန့် သေဆုံးခဲ့ပြီး လူ(၁.၈)သောင်း ပျောက်ဆုံးကာ လူ(၃.၇)သိန်းကျော် ဒဏ်ရာရရှိခဲ့သည်။ ထိုနှစ်တွင် ဘေးအန္တရယ်ဖြစ်ပွားပြီးနောက် အထူးကယ်ဆယ်ရေးတပ်ဖွဲ့တစ်ဖွဲ့သည် ရှာဖွေကယ်ဆယ်ရေးခွေး (၆၇)ကောင် ရှိခဲ့သည်။ ၎င်းတို့သည် အပြင်းထန်ဆုံးထိခိုက်သည့်ဧရိယာ(၅)ခုတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ပြီး (၁၀)ရက်(၁၀)ညတိတိ ရှာဖွေကယ်ဆယ်ခဲ့ပါသည်။ အပျက်အစီးများပေါ်တွင် ပွတ်တိုက်ပြီးသွေးထွက်နေသော ခြေသည်းများဖြင့် အပျက်အစီးများအောက်တွင် ရောက်နေသည့် အသက်များကိုကယ်ဆယ်နိုင်ရန် သေချာစွာ ရှာဖွေကယ်ဆယ်ခဲ့ပါသည်။ ယခင်နှစ် အောက်တိုဘာလတွင် ရှာဖွေကယ်ဆယ်ရေးခွေးနောက်ဆုံးတစ်ကောင် ကွယ်လွန်ခဲ့ပြီဖြစ်ပါသည်။
(အရင်းအမြစ်၊ ပြည်သူ့နေ့စဥ်သတင်းစာ၊ CCTV News၊ ဘာသာပြန်၊ Yunnan gateway)