တရုတ်နိုင်ငံသည် လေထုသိပ္ပံနည်းကျ လေ့လာစောင့်ကြည့်မှုတွင် ကမ္ဘာ့စံချိန်တင်ခဲ့

2022-05-16 20:10:02 |သတင်းအရင်းအမြစ် 新华网

မေ ၁၅ ရက် နံနက် ၁ နာရီ ခန့်တွင် “Jimu No. 1” type III လေသင်္ဘောကို ပင်လယ်ရေမျက်နှာပြင်အထက် ၄,၂၇၀ မီတာရှိ တရုတ်သိပ္ပံ အကယ်ဒမီ ချိုမိုလန်းမားတောင် အခြေစိုက်စခန်းအနီး လွှတ်တင်ရေး နေရာမှ လွှတ်တင်ခဲ့သည်။ ၄ နာရီ ၄၀ မိနစ်တွင် လေသင်္ဘောသည် အမြင့် ၄,၇၆၂ မီတာသို့ ရောက်ရှိခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၉,၀၃၂ ရှိ လေထုအတွင်း သိပ္ပံနည်းကျ လေ့လာကြည့်ရှုမှု ကမ္ဘာ့စံချိန်တင်ခဲ့ကြောင်း သိရသည်။ယခုအကြိမ်အသုံးပြုသည့် လေသင်္ဘောသည် တရုတ်နိုင်ငံမှ ကိုယ်တိုင်တီထွင်ထုတ်လုပ်သည့် အရှည် ၅၅ မီတာ၊ အမြင့် ၁၉ မီတာ၊ ထုထည် ၉,၀၆၀ ကုဗမီတာရှိသည့် လေသင်္ဘောဖြစ်ပြီး ၎င်းက လေထုဖော့ဂုဏ်ကိုအသုံးပြုကာ လွှတ်တင်ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်သိပ္ပံအကယ်ဒမီမှ လေ့လာရေးအဖွဲ့များက “Jimu No. 1” type III လေသင်္ဘောကို မေ ၁၅ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

 

“တောင်အထွတ်အထိပ် လုပ်ငန်းတာဝန်” ချိုမိုလန်းမားတောင် သိပ္ပံနည်းကျ စူးစမ်းလေ့လာရေးအဖွဲ့ကို တရုတ်သိပ္ပံ အကယ်ဒမီ ချင်းဟိုင်-တိဗက် ကုန်းပြင်မြင့် သုတေသနဌာန၊ တရုတ်သိပ္ပံအကယ်ဒမီ လေကြောင်းသတင်းအချက်အလက် သုတေသနဌာန၊ တရုတ်သိပ္ပံအကယ်ဒမီ ချန်ချွမ်းရူပဗေဒဆိုင်ရာ သုတေသနစင်တာမှ သိပ္ပံလေ့လာရေးအဖွဲ့ဝင် ၆၄ ဦး တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ၎င်းတို့က သိပ္ပံနည်းကျ စူးစမ်းလေ့လာရေးကရိယာတင်ဆောင်ထားသည့် “Jimu No. 1” type III လေသင်္ဘောကို လွှတ်တင်ကာ ဘက်စုံလေထုပတ်ဝန်းကျင် စောင့်ကြည့်ရေးလုပ်ငန်းစဉ်ကို စတင်ခဲ့သည်။

တရုတ်သိပ္ပံအကယ်ဒမီမှ လေ့လာရေးအဖွဲ့များက “Jimu No. 1” type III လေသင်္ဘောကို မေ ၁၅ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

“လေသင်္ဘောမှာ တင်ဆောင်ထားတဲ့ သိပ္ပံနည်းကျစူးစမ်းလေ့လာရေး ကိရိယာဟာ 3D ရှုထောင့်နဲ့ လေထုအတွင်း သယ်ဆောင်လာတဲ့ ရေခိုးရေငွေ့ပါဝင်မှု၊ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၉,၀၀၀ ကျော်ရှိ လေထုအစိတ်အပိုင်းတွေရဲ့ ဒေါင်လိုက် ပြောင်းလဲမှုတွေနဲ့ ထုတ်လွှင့်မှု လုပ်ငန်းစဉ်တွေကို စောင့်ကြည့်လေ့လာခြင်းဖြစ်ပါတယ် ” ဟု “တောင်အထွတ်အထိပ် လုပ်ငန်းတာဝန်” ချိုမိုလန်းမားတောင် သိပ္ပံနည်းကျ ဘက်စုံစူးစမ်းလေ့လာရေးအဖွဲ့ ခေါင်းဆောင်၊ တရုတ်သိပ္ပံ အကယ်ဒမီ ချင်းဟိုင်-တိဗက် ကုန်းပြင်မြင့် သုတေသနစင်တာမှ သုတေတီ Gao Jing က ပြောကြားခဲ့သည်။

လေ့လာရေး အဖွဲ့သည် အအေးလွန်ပြီး အောက်ဆီဂျင်နည်းပါးသည့် အခက်အခဲကို ကျော်လွှားကာ ညဉ့်နက်မပြတ် စောင့်ကြည့်လေ့လာခဲ့သည်။ လေသင်္ဘောက ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၉,၀၀၀ ကျော်သို့ ရောက်ရှိစဉ် လေ့လာရေးအဖွဲ့က “အောင်မြင်ပြီ”ဟု ကြွေးကြော်ခဲ့ကြသည်။ ထိုစဉ် ကုန်းပြင်မြင့်သည် အရုဏ်မတက်မီ တိတ်ဆိတ်ငြိမ်သက်မှုအောက်တွင် ရှိနေကြောင်း သိရသည်။

လေသင်္ဘောမှ စုဆောင်းရရှိသော သိပ္ပံအချက်အလက်များကို သုတေသနနှင့် ဒေသတွင်းရေစက်ဝန်း ခြေရာခံခြင်းဖြစ်သည့် မြေပြင်နှင့် လေထုအတွင်းရှိ ရေခိုးရေငွေ့ ပါဝင်မှုနှင့် ပြောင်းလဲမှု အခြေအနေကို စောင့်ကြည်ရေးတွင် အသုံးပြုမည်ဖြစ်သည်။ လေသင်္ဘောစောင့်ကြည့်လေ့လာခြင်းက “အာရှရေမျှော်စင်”ဟုတင်စားကြသော ဟိမဝန္တာတောင်တန်း ချင်းဟိုင်-တိဗက်ကုန်းမြေမြင့်ဒေသ၏ ရေအရင်းအမြစ်ကို စောင့်ကြည့်လေ့လာနိုင်မည်ဖြစ်ပြီး၊ အဓိကသိပ္ပံအချက်အလက် ပံ့ပိုးပေးခြင်းနှင့် ကမ္ဘာကြီး ပူနွေးမှု အခြေအနေအောက်တွင် ချင်းဟိုင်-တိဗက် ကုန်းပြင်မြင့်ဂေဟစနစ် ကွင်းဆက်ပြောင်းလဲမှုအတွက် အရေးအကြီးသော သိပ္ပံအထောက်အထားအဖြစ် ပံ့ပိုးခဲ့ကြောင်း သိရသည်။ (Xinhua)