မြန်မာနိုင်ငံ၏ ပထမဆုံးသော (၁၀၀)မဂ္ဂါဝပ်အဆင့် photovoltaic စီမံကိန်းအုပ်စု အပြည့်အဝ စတင်တည်ဆောက်နေပြီ

2022-05-16 20:14:13 |သတင်းအရင်းအမြစ် 人民网

ယခုရက်ပိုင်း တရုတ်နိုင်ငံလျှပ်စစ်စွမ်းအင်ဆောက်လုပ်ရေးအုပ်စုကုမ္ပဏီလီမိတက်မှ ရင်းနှီးမြှုပ်နှံ တည်ဆောက်သော မြန်မာနိုင်ငံကင်းသား(၃၀)မဂ္ဂါဝပ် photovoltaic စီမံကိန်း စတင်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ပထမဆုံးသော (၁၀၀)မဂ္ဂါဝပ်အဆင့် photovoltaic စီမံကိန်းအုပ်စုသည် လုပ်ငန်းဘက်စုံတည်ဆောက်ရေးအဆင့် အပြည့်အဝ ရောက်ရှိလာခြင်းဖြစ်ပါသည်။

အဆိုပါစီမံကိန်းအုပ်စုကို ဆည်တော်ကြီး၊ ကင်းတား၊ ကြီးအုံကြီးဝ၊ စေတုတ္ထရာ၊ ရွှေကျင် photovoltaic စီမံကိန်း (၅)ခု ဖြင့် ဖွဲ့စည်းထားပြီး စုစုပေါင်းတပ်ဆင်ပမာဏသည် (၁၆၀)မဂ္ဂါဝပ်ဖြစ်သည်။ မြန်မာနိုင်ငံပြည်တွင်းရှိ အကြီးဆုံးသော စွမ်းအင်သစ်စီမံကိန်းအုပ်စု ဖြစ်ပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်းရှိ မန္တလေး၊ မကွေးနှင့် ပဲခူးတိုင်းဒေသကြီး အတွင်း၌ ဖြန့်ဝေတည်ရှိသည်။ စီမံကိန်းပြီးစီးပါက မြန်မာနိုင်ငံ နိုင်ငံတော်ဓာတ်အားလိုင်းအတွင်းသို့ တိုက်ရိုက် ပေါင်းစပ်ဝင်ရောက်မည်ဖြစ်သည်။
(အရင်းအမြစ်၊ people.com ၊ ဘာသာပြန်၊ Yunnangateway)