အပြည်ပြည်ဆိုင်ရာသူနာပြုနေ့တွင် ကူမင်းဆေးတက္ကသိုလ်၌ “အမျိုးသားသူနာပြုသမဂ္ဂ”နှင့် တွေ့ဆုံ

2022-05-16 20:15:06 |သတင်းအရင်းအမြစ် 新华网

သူနာပြုလုပ်ငန်းတွင် အမျိုးသားဦးရေ နည်းပါးပါသည်။ မေလ(၁၂)ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ သူနာပြုနေ့ ဖြစ်သည်။ သတင်းထောက်မှ ကူမင်းဆေးတက္ကသိုလ်သို့ ဝင်ရောက်သည့်အခါ သူနာပြုကျွမ်းကျင်ဘာသာရပ် သင်ယူနေသော သူနာပြုကျောင်းသားများကို တွေ့မြင်ခဲ့ရပါသည်။

ကူမင်းဆေးတက္ကသိုလ် သူနာပြုကောလိပ် စတင်တည်ထောင်ချိန်တွင် အမျိုးသားသူနာပြုသည် (၁၀)ဦးသာ ရှိခဲ့ပါသည်။ ခေတ်ကာလဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အမျိုးသားသူနာပြုအရေအတွက်သည် ပိုမို များပြားလာပြီး လက်ရှိ ၂၀၂၁ ခုနှစ်အတန်းတွင် အမျိုးသားသူနာပြု(၂၇၅)ဦး ရှိသည်။ ရှုံဖန်းသည် သူနာပြုလုပ်ငန်း လုပ်သက်(၁၄)နှစ်ရှိသူ တစ်ဦးဖြစ်သည်။ ယခုနှစ်ပိုင်းတွင် အမျိုးသားသူနာပြုအရေအတွက် ပိုမိုများပြားလာပြီး သူနာပြုလုပ်ငန်းတွင် သူတို့၏ရဲရင့်စိတ်နှင့်စိတ်ရှည်ကရုဏာမှုတို့သည် အားသာချက်များ ဖြစ်ကြောင်း သူမက မိတ်ဆက်ပေးခဲ့ပါသည်။ “အများစုသည် သူနာပြုကို အမျိုးသမီးသူနာပြုဟု ထင်မြင်ကြသည်။ သို့သော် သူနာပြုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုနှင့် လုပ်ငန်းလိုလားမှုတို့ကြောင့် အမျိုးသားများ သူနာပြုကျွမ်းကျင်ပညာရပ် သင်ယူခြင်းသည် ကောင်းမွန်သော ဖွံ့ဖြိုး တိုးတက်မှုများရှိလာနိုင်မည်ဖြစ်သည်။”


(အရင်းအမြစ်၊ Xinhua ၊ ဘာသာပြန်၊ Yunnan gateway)