၁၉၉၀ ခုနှစ်နောက်ပိုင်းဖွား အမျိုးသားတစ်ဦးသည် ဒူးရင်းသီးခွဲစားခြင်း အထူးကြိုက်နှစ်သက်သောကြောင့် ကျွမ်းကျင်ဆရာကြီး ဖြစ်လာ

2022-05-16 20:16:38 |သတင်းအရင်းအမြစ် 大象新闻

ယခုရက်ပိုင်း ဒူးရင်းသီးရွေးနည်း ရေးသားထားသော မှတ်စုတစ်ခုသည် အွန်လိုင်းပေါ်တွင် ရေပန်းစားလျက်ရှိပြီး လူပေါင်းသန်းချီကို ဆွဲဆောင်လျက်ရှိသည်။ စာရေးဆရာ ကျင်းကျူရိန်စိမ်း၏ မိတ်ဆက်ပေးချက်အရ သူကိုယ်တိုင်သည် ဒူးရင်းသီးကို အထူးကြိုက်နှစ်သက်သူတစ်ယောက် ဖြစ်သည်။ ယခင်က ဒူးရင်းသီးဝယ်ယူ ခွဲစားသည့်အခါတွင် မကောင်းသည်ကို တွေ့ကြုံခဲ့ရသောကြောင့် ဒူးရင်းသီးကို အဆက်မပြတ် ဝယ်ယူခွဲစားရင်း ဒူးရင်းသီးရွေးချယ်သည့်အတွေ့အကြုံ တိုးမြှင့်နိုင်ခဲ့သည်။ (၅)နှစ်အတွင်း ဒူးရင်းသီးအလုံး(၂၀၀)ကျော်ကို ဝယ်ယူခွဲစားပြီး ဗျူဟာအကျဉ်းချုပ်ကို စုဆောင်းနိုင်ခဲ့သည်။ ၎င်းအကျဉ်းချုပ်ကို အွန်လိုင်းပေါ်တင်လိုက်ရာ လူအများက ကြိုက်နှစ်သက်ကြပြီး အမှတ်ပြည့်မှတ်စုဟု ဆိုကြပေသည်။ နောင်တွင် ပိုများသော အသီးဗျူဟာအကျဉ်းချုပ်ကို ဆက်လက်ဝေမျှပေးသွားမည်ဟု သူကပြောဆိုပါသည်။ ကွန်မန့်များတွင် - အခု ဒူးရင်းသီးခွဲစားတဲ့အခါ ကံစမ်းဗူးဖွင့်သလို စိတ်လှုပ်ရှားစရာမလိုတော့ပါဘူး ဟု ရယ်မောစွာ မှတ်ချက်ပြု ရေးသားထားကြသည်။

(အရင်းအမြစ်၊ Daxiang News ၊ ဘာသာပြန်၊ Yunnan gateway)