တရုတ်နိုင်ငံ၏ အထည်အလိပ် နှင့် အဝတ်အစား တင်ပို့မှု ပထမလေးလအတွင်း ၈ ဒသမ ၆၅ ရာခိုင်နှုန်း မြင့်တက်

2022-05-17 17:33:49 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ၏ အထည်အလိပ် နှင့် အဝတ်အစား တင်ပို့မှုများမှာ ယခုနှစ် ပထမလေးလအတွင်း တိုးတက်မှုအရှိန်အဟုန်အား ထိန်းသိမ်းထားခဲ့ကြောင်း တရုတ်နိုင်ငံအမျိုးသား အထည်အလိပ် နှင့် အဝတ်အစားကောင်စီက တရုတ်အကောက်ခွန်ဌာန၏ အချက်အလက်ကို ကိုးကား၍ ပြောကြားခဲ့သည်။အထည်အလိပ် နှင့် အဝတ်အစား တင်ပို့မှုများသည် ဇန်နဝါရီလမှ ဧပြီလအထိ အမေရိကန်ဒေါ်လာ ၉၅ ဒသမ ၈၄ ဘီလီယံအထိ နှစ်အလိုက် ၈ ဒသမ ၆၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အချက်အလက်များတွင် ဖော်ပြထားသည်။

အထည်အလိပ်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၈၂ ဘီလီယံ ရှိပြီး ယခင်နှစ်ကထက် ၁၁ ဒသမ ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ အဝတ်အစားတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၀၂ ဘီလီယံ ရှိပြီး နှစ်အလိုက် ၆ ဒသမ ၁၇ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရသည်။

ဧပြီ တစ်လတည်းတွင် တရုတ်နိုင်ငံ၏ အထည်အလိပ်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၅၉ ဘီလီယံအထိ နှစ်အလိုက် ၁ ဒသမ ၆၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ (Xinhua)