တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးသစ် Park Jin ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေး

2022-05-17 17:39:04 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးသစ် Park Jinနှင့် မေ ၁၆ ရက်က ပေကျင်းမြို့မှ ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးသစ် Park Jinနှင့် မေ ၁၆ ရက်က ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက တရုတ်နိုင်ငံသည် မဟာဗျူဟာနှင့်အခင်းအကျင်းတစ်ရပ်လုံးဟူသော ရှုထောင့်မှ တောင်ကိုရီးယားနိုင်ငံနှင့် တရုတ်-တောင်ကိုရီးယားဆက်ဆံရေးကို အစဉ်ရှေးရှုကြောင်း၊ နှစ်နိုင်ငံ အပြန်အလှန်လေးစားမှုနှင့်ပူးပေါင်းဆောင်ရွက်မှုစိတ်ဓါတ်ကို အခြေခံ၍ တောင်ကိုရီးယား-တရုတ် ဆက်ဆံရေး ခေတ်သစ်ကို ဖွင့်လှစ်ရန် သမ္မတယွန်းဆက်ယိုက မျှော်လင့်ရာ ထို့အပေါ် တရုတ်နိုင်ငံက ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးသစ် Park Jinနှင့် မေ ၁၆ ရက်က ပေကျင်းမြို့မှ ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

တရုတ်-တောင်ကိုရီးယားဆက်ဆံရေး၏ နောက်တစ်ဆင့်”ကဏ္ဍ ၄ ရပ် အားဖြည့် မြှင့်တင်ရေး”အတွက် ဝမ်ရိက အဆိုပြုခဲ့သည်။ ယင်းအဆိုပြုချက်မှာ ပထမအနေဖြင့် ဆွေးနွေးညှိနှိုင်းမှုကို အားဖြည့်၍ အပြန်အလှန်ယုံကြည်မှုအခြေခံကို ခိုင်မာအောင်ဆောင်ရွက်ခြင်း၊ ဒုတိယအနေဖြင့် အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်၍ လက်တွဲအတူ တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်း၊ တတိယအနေဖြင့် လူမှုယဉ်ကျေးမှုဖလှယ်ရေးကို အားဖြည့်၍ ပြည်သူချင်း စိတ်ချင်းဆက်နွယ်မှုကို မြှင့်တင်ခြင်း၊ စတုတ္တထအနေဖြင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်၍ ဒေသတွင်းတည်ငြိမ်ရေးကို ကာကွယ်ခြင်း တို့ ဖြစ်ကြောင်း သိရသည်။

Park Jin က တောင်ကိုရီးယားနိုင်ငံသည် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို အထူးအလေးထားရာ တရုတ်နိုင်ငံနှင့် ကောင်းမွန်၊ရင့်ကျက်သော နှစ်ဖက်ဆက်ဆံရေးကို ထူထောင်သွားလိုကြောင်း ပြောကြားခဲ့သည်။


တရုတ်တစ်နိုင်ငံတည်းမူဝါဒကို တောင်ကိုရီးယားနိုင်ငံက အစဉ်အမြဲလက်ကိုင်းထားကြောင်းနှင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၃၀ ပြည့် စမှတ်သစ် တောင်ကိုရီးယား-တရုတ် ဆက်ဆံရေးကို ကဏ္ဍသစ်သို့ တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။