မြန်မာနိုင်ငံရန်ကုန်မြို့ရှိ လုံခြုံရေးရဲကင်းတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူအများဒဏ်ရာရရှိခဲ့

2022-05-18 20:20:50 |သတင်းအရင်းအမြစ် 央视新闻

မေလ(၁၇)ရက်နေ့ ဒေသစံတော်ချိန် နံနက်(၁၁)နာရီ(၃၀)မိနစ်ခန့်တွင် မြန်မာနိုင်ငံရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံရှိ လုံခြုံရေးရဲကင်းတစ်ခုအား အမည်မသိအဖွဲ့တစ်ဖွဲ့မှ ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အနီးပတ်ဝန်းကျင်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ချက်ခြင်းပင် ပြန်လည်ပစ်ခတ်ခဲ့သည်။ ယခုအကြိမ် ပေါက်ကွဲမှုတွင် ရဲ(၂)ဦးအပါအဝင် လူအများအပြားဒဏ်ရာရရှိခဲ့ပြီး ရဲ(၂)ဦးသည် ဒဏ်ရာပြင်းထန်ကြောင်း သိရပါသည်။

လက်ရှိတွင် ဒဏ်ရာရသူများကို လူနာတင်ယာဉ်များဖြင့် နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ပြီး အခင်းဖြစ်ပွားရာနေရာသို့ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များလာရောက်ပြီး လမ်းများပိတ်ဆို့ကာ ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ကြပါသည်။

အယ်ဒီတာအဖွဲ့မှ လမ်းသွားလမ်းလာအားလုံးကို ဂရုစိုက်ကြရန် မေတ္တာဖြင့် သတိပေးအပ်ပါသည်။


(အရင်းအမြစ်၊ CCTV News ၊ ဘာသာပြန်၊ Yunnan gateway)