ရှင်းကျန်းဒေသ၏ ပြည်ပကုန်သွယ်မှု ဇန်နဝါရီလမှ ဧပြီလအတွင်း ၃၃ ရာခိုင်နှုန်း မြင့်တက်

2022-05-20 18:20:56 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် ဝူးလူမုချီမြို့အတွင်း သွားလာနေကြသည့် မော်တော်ယာဉ်များအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ယခုနှစ် ပထမလေးလတာအတွင်း ပြည်ပကုန်သွယ်မှု ယွမ် ၅၂ ဘီလီယံဝန်းကျင်(အမေရိကန်ဒေါ်လာ ၇ ဒသမ ၇ ဘီလီယံခန့်) ရှိကာ နှစ်အလိုက် ၃၃ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဒေသတွင်းအကောက်ခွန်ရုံးထံမှ သိရသည်။

ဇန်နဝါရီလမှ ဧပြီလအထိ ရှင်းကျန်းဒေသ၏ ကုန်တင်ပို့မှုများသည် ယွမ် ၄၂ ဒသမ ၅ ဘီလီယံ ရှိခဲ့ပြီး နှစ်အလိုက် ၄၅ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်လာကြောင်း ဝူးလူမုချီအကောက်ခွန်ရုံးထံမှ သိရသည်။

အဆိုပါကာလအတွင်း ဒေသ၏ ရပ်ဝန်း နှင့် ပိုးလမ်းမတစ်လျှောက်ရှိ နိုင်ငံများနှင့် ပြည်ပကုန်သွယ်မှုသည် ယွမ် ၄၇ ဒသမ ၄၆ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလကထက် ၄၅ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု(RCEP) အဖွဲ့ဝင်များ နှင့် ကုန်သွယ်မှုမှာ ယွမ် ၃ ဒသမ ၃၄ ဘီလီယံအထိ ၃၀ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

လုပ်သားအခြေပြုထုတ်ကုန်များ ၊ စက်မှု နှင့် လျှပ်စစ်ဆိုင်ရာ ထုတ်ကုန်များသည် ရှင်းကျန်းဒေသ၏ အဓိကပို့ကုန်များ ဖြစ်ကြောင်း အကောက်ခွန်ရုံးထံမှ သိရသည်။

တစ်ချိန်တည်းမှာပင် ဘက်ပေါင်းစုံပေါင်းစည်းထားသောအကောက်ခွန်ထိန်းချုပ်မှုဆိုင်ရာနယ်မြေလေးခုဖြစ်သည့် Kashgar ၊ Alashankou ၊ Horgos နှင့် ဝူးလူမုချီတို့၏ ပို့ကုန် ၊ သွင်းကုန် ပမာဏသည် ယွမ် ၉ ဒသမ ၅၃ ဘီလီယံအထိ နှစ်အလိုက် ၁၃၀ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး လေးလတာအတွင်း ရှင်းကျန်းဒေသ၏ စုစုပေါင်း ပြည်ပကုန်သွယ်မှု၏ ၁၈ ဒသမ ၃ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ (Xinhua)