ဆင်ကလေး “မော်လီ” အိမ်ပြန်ရောက်ပြီ

2022-05-20 18:48:10 |သတင်းအရင်းအမြစ် 新华网、中新网


မေလ ၁၆ ရက်နေ့တွင် အာရုံစူးစိုက်မှုများစွာခံခဲ့ရသော ဆင်ကလေး “မော်လီ”သည် တရုတ်နိုင်ငံ ဟော်နန်ပြည်နယ် ချင့်ယန်မြို့မှ ထွက်ခွာ၍ ယူနန်ပြည်နယ် ကူမင်းတိရစ္ဆာန်ဥယျာဉ်သို့ ဘေးကင်းလုံခြုံစွာ ‌ရောက်ရှိခဲ့‌ကြောင်း သိရပါသည်။

ဆင်ကလေး “မော်လီ”သည် လူတိုင်း၏ အမြင်တွင် "ဆင်မင်းသမီး" ဖြစ်ခဲ့ဖူးသည်။ ပြီးခဲ့သောနှစ်တွင် တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးသမား များသည် “မော်လီ”က တိရစ္ဆာန်ရှိုးများတွင် ပါဝင်ကာ အနိုင်ကျင့်ခံရခြင်း သံသယဖြစ်ဖွယ် ဗီဒီယိုများကို ဖော်ထုတ်ခဲ့၍ လူမှုရေးအင်အားစု အသီးသီးမှ အရေးပေါ် ရှာဖွေရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြကြောင်း၊ “ဆင်ကလေး မော်လီကို ကယ်တင်ခြင်း”ဟု ဆိုသည့် စာသားများသည် လူမှုကွန်ရက် ရှာဖွေမှုများတွင် မကြာခဏ ပေါ်လာကြောင်း သိရပါသည်။

၂၀၁၆ ခုနှစ် မတ်လတွင် ကူမင်းတိရစ္ဆာန်ဥယျာဉ်တွင် မွေးဖွားခဲ့သည့် ဆင်ကလေး “မော်လီ”သည် ထိုအချိန်တွင် ကူမင်းတိရစ္ဆာန်ဥယျာဉ်သည် အဆိုပါဆင်ကလေးအတွက် ပါတီပွဲကျင်းပရန် စီစဉ်ခဲ့ကြောင်း၊ လူထုအမြင်စုစည်းမှုမှတဆင့် သူ့ကို “မော်လီ”ဟု အမည်ပေးခဲ့သည်။

၂၀၁၈ ခုနှစ်တွင် မော်လီသည် အသက် ၂ နှစ် ရှိပြီ ဖြစ်ကြောင်း၊ “အာရှဆင်များတည်ဆောက်မှု၏ အသွေးအသားကို ပြန်ညှိခြင်း” လုပ်ဆောင်ရန်အတွက် မော်လီသည် ဟော်နန်ပြည်နယ် ချင့်ယန်မြို့ ငန်းအိုင် ဂေဟစနစ်ပန်းခြံတွင် “ကြိုပန်း”အမည်ရှိ ဆင်အထီးနှင့် လဲလှယ်ခဲ့သည်။

ယခုလက်ရှိတွင် မော်လီသည် ကူမင်းတိရစ္ဆာန်ဥယျာဉ်သို့ ပြန်ရောက်ပြီး ပြည့်စုံသော ကျန်းမာရေးစစ်ဆေးမှုခံယူရမည် ဖြစ်သည်။ ကူမင်းတိရစ္ဆာန်ဥယျာဉ်တွင် ဆင်များကို ကြိုက်နှစ်သက်သော ဆင်ဝါသနာရှင် များသည် “ဆင်မင်းသမီး”ပြန်လာခြင်း ကြိုဆိုရန် လန်းဆန်းလတ်ဆတ်သော ပန်းများကို ကိုင်ဆောင်ကြကာ သစ်သီးများ အပြည့်တင်သော ကားကို မောင်းလာကြကြောင်း သိရပါသည်။
(အရင်းအမြစ်၊ Xinhua ၊ Chinanews၊ ဘာသာပြန်၊ Yunnan gateway)