အကြောင်းရင်းရှာမတွေ့သော ကလေးအသည်းရောင်အသားဝါလူနာ တိုးများလာသဖြင့် ဂရုစိုက်သင့်

2022-05-20 18:50:25 |သတင်းအရင်းအမြစ် 新华网

ယခုနှစ်အစပိုင်းကတည်းက ကမ္ဘာ့တစ်ဝှမ်းတွင် အကြောင်းရင်းရှာမတွေ့သော ကလေးအသည်းရောင် အသားဝါလူနာ တိုးများလာပြီး ယခုအချိန်ထိ အနည်းဆုံး လူနာ case ၄၆၀ ခု တွေ့ရှိခဲ့ကာ ၎င်းအနက် ၁၂ ဦးသည် သေဆုံးခြင်း၊ အချို့သောကလေးလူနာမှာ အသည်းအစားထိုးကုသခြင်း ခံယူခဲ့ရသည်။ အင်္ဂလန် နိုင်ငံသည် ပထမဆုံး ရောဂါတွေ့ရှိသောနိုင်ငံဖြစ်ပြီး လက်ရှိတွင် ကလေးလူနာအများဆုံးသော နိုင်ငံ လည်းဖြစ်သည်။ မေလ ၁၀ ရက်နေ့ထိ အင်္ဂလန်နိုင်ငံတွင် အကြောင်းရင်းရှာမတွေ့သော ကလေး အသည်းရောင်အသားဝါ case သည် ၁၇၆ ခုအထိ ရောက်ရှိပြီ ဖြစ်သည်။

တစ်ကမ္ဘာလုံးအတိုင်းအတာအရ အကြောင်းရင်းရှာမတွေ့သော အသည်းရောင်အသားဝါရောဂါ ခံစားရ သောကလေး ဦးရေသည် ကိန်းဂဏန်းကြီးတစ်ခုမဟုတ်သော်လည်း ကျန်းမာရေးပညာရှင်များက ကြိုတင်ခန့်မှန်းသည့်အခြေအနေထက် ပိုဆိုးနေပြီး သာမန်ကိစ္စတစ်ခုမဟုတ်ကြောင်း နာမည်ကျော် ဗိုင်းရပ်စ်ဗေဒကျွမ်းကျင်ပညာရှင်၊ အင်္ဂလန်နိုင်ငံ Nottingham တက္ကသိုလ် ဗိုင်းရပ်စ်ဗေဒပါမောက္ခ ဝေလ်·အုပ်ဝင်မှ ယခုရက်ပိုင်းတွင် ပြောဆိုခဲ့သည်။

အဆိုပါအသည်းရောင်အသားဝါရောဂါ ဖြစ်ပွားသည့်အကြောင်းရင်း စုံစမ်းရာတွင် adenovirus ဗိုင်းရပ်စ်ရောဂါပိုးသည် “သင်္ကာမကင်း”အရှိဆုံးသော အကြောင်းရင်းဖြစ်နိုင်မည်ဟု ယူဆသည်။ အသည်းရောင်အသားဝါဗိုင်းရပ်စ်ရောဂါပိုး သုတေသန အတော်ကြာအောင်လုပ်ခဲ့သော ဝေလ်·အုပ်ဝင်၏ ပြောဆိုချက်အရ အသည်းရောင်အသားဝါကလေးဦးရေ ၄ ပုံ ၃ ပုံ၏ ကိုယ်တွင်း adenovirus ဗိုင်းရပ်စ် ရောဂါပိုးကို တွေ့ရှိခဲ့သည်။ အင်္ဂလန်နိုင်ငံကျန်းမာရေးလုံခြုံရေးဌာနမှ ထုတ်ပြန်ချက်အရ လွန်ခဲ့သော နှစ်များနှင့် နှိုင်းယှဥ်ကြည့်ပါက adenovirus ဗိုင်းရပ်စ်ရောဂါပိုး၏ စွဲကပ်ခြင်းသည် သာမန်အဆင့်ထက် ပိုမြင့်လျက်ရှိသည်။

သို့ရာတွင် သုတေသနပညာရှင်များသည် ယခုရရှိသော အထောက်အထားများအား အခြေခံကြည့်လျှင် adenovirus ဗိုင်းရပ်စ်ရောဂါပိုးက အသည်းရောင်အသားဝါရောဂါဖြစ်ပွားသည့် အကြောင်းရင်း ဖြစ်သည်ဟု ဆို၍မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အသည်းရောင်အသားဝါသည် ကလေးများ adenovirus ဗိုင်းရပ်စ်ရောဂါပိုးစွဲကပ်ပြီးနောက် ဖြစ်ပွားသည့် ကြုံတွေ့လွယ်သော ရောဂါလက္ခဏာ မဟုတ်ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် adenovirus ဗိုင်းရပ်စ်ရောဂါပိုးစွဲကပ်ခြင်းသည် ယခုအသည်းရောင်အသားဝါဖြစ်ပွားခြင်းနှင့် အမှန်တကယ်ဆက်စပ်မှုရှိလျှင် အဘယ်ကြောင့် ၂၀၂၂ ခုနှစ်တွင် ယခုကဲ့သို့ ကြီးမားသောအပြောင်းအလဲရှိနေသည်ကို ရှင်းပြရန်လိုအပ်သည်။

adenovirus ဗိုင်းရပ်စ်ရောဂါပိုးစွဲကပ်ခြင်းက အကြောင်းရင်းဖြစ်သည်ကို အတည်မပြုနိုင်သောကြောင့် နိုင်ငံများစွာမှ ကျွမ်းကျင်ပညာရှင်များသည် အခြားအကြောင်းရင်းအား ဆက်လက်ရှာဖွေစုံစမ်းနေပြီး ၎င်းအကြောင်းရင်းဖြစ်နိုင်ခြင်းများအနက် ကိုဗစ်-၁၉ ပျံ့နှံ့ခြင်းဆိုင်ရာ စိတ်ကူးမှန်းဆချက်ကို ဂရုစိုက်မှုအများဆုံး ရရှိခဲ့သည်။

“ကိုဗစ်-၁၉ ကပ်ရောဂါပျံ့နှံ့ပြီး ၂ နှစ်အကြာမှာ အခုလို အသည်းရောင်အသားဝါဖြစ်ပွားခြင်းသည် ရုတ်တရက် တိုက်ဆိုင်မှု တစ်ခုထက်ပိုပါတယ်၊ ကိုဗစ်-၁၉ ကာလမှာ နိုင်ငံအများစုက သီးသန့်ထားရှိခြင်း အစီအမံကို ဆောင်ရွက်ကြလို့ အသက် ၅ နှစ် ကလေးတွေက အရင်က ထိတွေ့လွယ်တဲ့ ဗိုင်းရပ်စ်ရောဂါပိုးအမျိုးမျိုးနဲ့ ထိတွေ့တာ နည်းပါးခဲ့တယ်။ နိုင်ငံတွေက lockdown မူကို ဖျက်သိမ်းပြီးနောက် ကလေးတွေက ဗိုင်းရပ်ရောဂါပိုးအမျိုးမျိုးကို ထိတွေ့ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ သူတို့ရဲ့ ရောဂါပြီးစနစ်(immune system) က ရောဂါပိုးအမျိုးမျိုးစွဲကပ်ခြင်းကို မခုခံဘူး။ ဒါမှမဟုတ် အဲဒီ adenovirus ရောဂါပိုးရဲ့စွဲကပ်ခြင်းကို မခုခံနိုင်တာဖြစ်တယ် ”ဟု ဝေလ်·အုပ်ဝင်မှ သုံးသပ်ခဲ့သည်။

ထို့ပြင်၊ သက်ဆိုင်ရာသုတေသနကျွမ်းကျင်ပညာရှင်များသည် adenovirus ဗိုင်းရပ်စ်ရောဂါပိုး၏ သွေးသားဗီဇက အပြောင်းအလဲရှိမရှိ၊ ကလေးများ၏ အသည်းထိခိုက်မှုယန္တရား စသည်တို့ကို ဆက်လက် သုတေသနပြုနေကြသည်။ ပတ်ဝန်းကျင်အခြေအနေသည်လည်း ၎င်းရောဂါနှင့် ဆက်စပ်နိုင်ပါသည်။ ထို့အတူ အချို့သော စုံစမ်းလေ့လာသူသည် ကလေးများ၏ စားသောက်ခြင်းနှင့် အစားအသောက်ဝယ်ယူသည့်နေရာကို မိဘဆီများထံ စုံစမ်းမေးမြန်းနေသည်။

အင်္ဂလန်နိုင်ငံရှိ ကျန်းမာရေးဆိုင်ရာကျွမ်းကျင်ပညာရှင်သည် အိမ်မွေးတိရစ္ဆာန်ကြောင့် အသည်းရောဂါစွဲကပ်သည့် ဖြစ်နိုင်ချေကိုလည်း စုံစမ်းနေသည်။ အင်္ဂလန်နိုင်ငံ ကျန်းမာရေးလုံခြုံရေးဌာနမှ နောက်ဆုံးထုတ်ပြန်ချက်အရ အသည်းရောင်အသားဝါခံစားရသော ကလေး ၇၀% သည် အိမ်မွေးတိရစ္ဆာန်နှင့် ထိတွေ့ခဲ့သည်ဟုဆိုသည်။

သို့ရာတွင် ယခုအချိန်ထိ အဆိုပါကြိုတင်ခန့်မှန်းသည့်အကြောင်းရင်းများအနက် အထောက်အထားပြည့်စုံခြင်းရှိသော အကြောင်းရင်းသည် တစ်ခုမှမရှိသေးပါ။ အကြောင်းရင်းရှာမတွေ့သော အသည်းရောင်ရောဂါက လွန်ခဲ့သောနှစ်ကထက် ပိုများခြင်းသည် အကြောင်းရင်းအမျိုးမျိုး အပြန်အလှန်ထိခိုက်ခြင်းကြောင့်လည်း ဖြစ်ပေါ်လာနိုင်ကြောင်းကို ဝေလ်·အုပ်ဝင်မှ ပြောကြားသည်။

အရင်းအမြစ်၊ xinhua၊ ဘာသာပြန်၊ Yunnan gateway