သမ္မတ ရှီကျင့်ဖိန် အလေးထားပြောကြားခဲ့သော မှတ်သားဖွယ်ရာပြောစကားကောက်နုတ်ချက် – လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာပြီး ကာကွယ်လျက်ရှိသော ရှီကျင့်ဖိန်

2022-05-24 19:51:19 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ၊ မြို့တော်ပေကျင်းမြို့၌ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် (Xi Jinping) ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁၇ ရက်တွင် ၁၂ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးအား ဗွီဒီယိုလင့်ခ်မှ တစ်ဆင့် တက်ရောက်ခဲ့စဉ် (ဆင်ဟွာ)

 

တရုတ်ကွန်မြူနစ်ပါတီ (CPC) နှင့် တရုတ်အစိုးရတို့သည် လူ့အခွင့်အရေးအား အမြဲတမ်းလေးစားလိုက်နာ၍ အကာအကွယ်ပေးလျက်ရှိသည်။
CPC ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ် တရုတ်သမ္မတလည်း ဖြစ်သူ ရှီကျင့်ဖိန် (Xi Jinping) သည် ယင်းအချက်အပေါ် အခမ်းအနားပွဲများစွာ၌ အရေးကြီးသော မှတ်ချက်များ ပြောကြားခဲ့သည်။

ရှီ၏ မှတ်ချက်များအနက် မှတ်သားဖွယ်ရာအချို့ကို အောက်ပါအတိုင်းဖော်ပြအပ်ပါသည်။
–CPC သည် ပါတီ၏ မဆုတ်မနစ် ကြိုးပမ်းလိုက်လျှောက်မှုအဖြစ် လူ့အခွင့်အရေးကို အမြဲတမ်း လေးစားလျက် ကာကွယ်ပေးခဲ့သည်။
–တရုတ်နိုင်ငံသည် နိုင်ငံ၏ အခြေအနေများနှင့် လိုက်လျောညီထွေမှုရှိသော လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို လေးစားလိုက်နာလျက်ရှိသည်။
တရုတ်နိုင်ငံသည် လူ့အခွင့်အရေး၏ ကမ္ဘာလုံးဆိုင်ရာပျံနှံမှု အခြေခံသဘောတရားနှင့် နိုင်ငံ၏ ပကတိအခြေအနေများကို ပေါင်းစပ်မှုကို ထပ်ခါတလဲလဲ ပြောကြားခဲ့ပြီး အသက်ရှင်နေထိုင်ခွင့်နှင့် ဖွံ့ဖြိုးတိုးတက်ခွင့်များသည် အခြေခံလူ့အခွင့်အရေးဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

–ကျွန်ုပ်တို့အနေဖြင့် မည်သည့်ဖွံဖြိုးတိုးတက်မှုအဆင့်၌ ရောက်ရှိနေပါစေ
တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးသည် နိုင်ငံ၏ အခြေအနေများနှင့်တရုတ်ပြည်သူများ၏ လိုအပ်ချက်များနှင့်အညီသာ အဆင့်မြှင့်တင်ရမည်ဖြစ်ပြီး ဤနည်းလမ်းဖြင့် ချမှတ်ထားသော ပန်းတိုင်များနှင့် စံနှုန်းများသည် ပြည့်စုံမှုရှိမည်ဖြစ်သည်။ အနောက်နိုင်ငံများအား မျှော်ကြည့်ရန်နှင့် အနောက်နိုင်ငံများမှအကဲဖြတ်ပေးရန် မလိုအပ်ပေ။

နိုင်ငံတစ်နိုင်ငံအနေဖြင့် ဒီမိုကရေစီဝါဒအပေါ် အခြေခံထားခြင်း ရှိမရှိဆိုသည်ကို အကဲဖြတ်ရန်မှာ မိမိကိုယ်ကိုဖြောင့်မတ်သည်ဆိုသူအနည်းစုထက် နိုင်ငံတကာအသိုင်းအဝိုင်းကသာ ဆုံးဖြတ်ရမည်ဖြစ်သည်။

အားလုံးနှင့်ကိုက်ညီသည့် တစ်ခုတည်းသောလမ်းကြောင်းအစား ဒီမိုကရေစီထံ ဦးတည်သော လမ်းကြောင်းများစွာရှိပေသည်။

များပြား၍ အမျိုးမျိုးသော နိုင်ငံရေးစနစ်များကို တိုင်းတာရန် စံနှုန်းတစ်ခုတည်းကို အသုံးပြုခြင်းနှင့် ငြီးငွေ့ဖွယ်ကောင်းသော ရှုထောင့်မှ ကဲွဲပြားသောနိုင်ငံရေးလူ့အဖွဲ့အစည်းကို ဆန်းစစ်ခြင်းမှာ ဒီမိုကရေစီနည်းလမ်းမကျမှုပင် ဖြစ်သည်။ (Xinhua)