တရုတ်ဝန်ကြီးချုပ်က ဩစတြေးလျဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့် အန်သိုနီအယ်လ်ဘာနိစ်အား ချီးကျူးဂုဏ်ပြု

2022-05-24 19:56:26 |သတင်းအရင်းအမြစ် 新华网

ဩစတြေးလျနိုင်ငံ၏ ၂၀၂၂ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အန်သိုနီအယ်လ်ဘာနိစ်အား မေ ၂၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

 

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့် အန်သိုနီအယ်လ်ဘာနိစ်အား မေ ၂၃ ရက်တွင် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။ဝန်ကြီးချုပ်လီက တရုတ်-ဩစတြေးလျဆက်ဆံရေး အားထားယုံကြည်လောက်ပြီး တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုသည် ပြည်သူများ၏ အခြေခံအကျိုးစီးပွား နှင့် ဘုံရည်မှန်းချက်ဖြင့် ကိုက်ညီကြောင်း နှင့် အာရှ-ပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေး ၊ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ချမ်းသာဝပြောရေးအား အထောက်အကူဖြစ်စေကြောင်း သဝဏ်လွှာတွင် ပြောကြားခဲ့သည်။

၁၉၇၀ ပြည့်နှစ်တွင် ဩစတြေးလျအလုပ်သမားပါတီသည် တရုတ်နိုင်ငံ နှင့် သံတမန်ဆက်ဆံရေးထူထောင်ရာတွင် မှန်ကန်သည့်ရွေးချယ်မှု ပြုလုပ်ခဲ့ကြောင်း နှစ်ဦးနှစ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်အောင် အရေးကြီးသောပံ့ပိုးကူညီမှုများပြုလုပ်နေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ်-ဩစတြေးလျ သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၅၀ ပြည့် နှစ်ဖြစ်ကြောင်း မှတ်ချက်ပြုကာ ဝန်ကြီးချုပ်လီက တရုတ်ဘက်ခြမ်းက ဩစတြေးလျဘက်ခြမ်းနှင့်အတူ အတိတ်ကို ပြန်လည်သုံးသပ်ခြင်း ၊အနာဂတ်ကို မျှော်ကြည့်ခြင်း နှင့် အပြန်အလှန်လေးစားမှု ၊ အပြန်အလှန်အကျိုးရှိသည့် အခြေခံသဘောတရားအား ထိန်းသိမ်းကာ ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး၏ အားထားယုံကြည်လောက်ပြီး တည်ငြိမ်သော တိုးတက်မှုကို မြှင့်တင်ရေး လုပ်ဆောင်ရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)