တရုတ်-မြန်မာ နယ်စပ်ဒေသတွင် စက်မှုလယ်ယာစနစ်ဖြင့် စပါးစိုက်ပျိုးခြင်းဖြင့် နွေဦးထွန်ယက်ခြင်းအား အထောက်အကူပြုလျက်ရှိ

2022-05-27 20:09:37 |သတင်းအရင်းအမြစ် 盈江县融媒体中心

နှစ်တစ်နှစ်၏ နွေဦးထွန်ယက်ရာသီ ရောက်လာသည်နှင့်အ မျှ လယ်သမားသည် အလုပ်များနေ ကြပါသည်။ တရုတ်-မြန်မာ နယ်စပ်ဒေသရှိ ရင်ကျန်းခရိုင် လုံးကျန်းမြို့နယ်၏ လယ်ကွင်းများတွင် အသက် ၅၃ နှစ်အရွယ်ရှိ လောကိန့်နော်သည် လယ်သမားအား အသေးစား စပါးစိုက်ပျိုးစက်တစ်စီးကို အသုံးပြုရန် လမ်းညွှန်နေပါသည်။ သူသည် ကျေးရွာတွင် စပါးစိုက်ပျိုးရေး အိမ်ထောင်စုကြီးဖြစ်သကဲ့သို့ အဆိုပါမြို့နယ်၏ လယ်ယာစက်များ အသုံးပြုရန် ဖြန့်ဖြူးရေးကျွမ်းကျင်သူ ဖြစ်ပေသည်။

လောကိန့်နော်သည် အဆိုပါမြို့နယ်တွင် ပထမဆုံး စပါးစိုက်ပျိုးစက်ကို အတတ်နိုင်ဆုံး ဝယ်ယူခဲ့ပါသည်။ “ကျွန်တော်တို့ မြို့နယ်မှာ ဘယ်လိုလယ်ယာစက်ကို ဖြန့်ဖြူးပြီး အသုံးပြုတာဖြစ်ဖြစ် ကျွန်တော်ဟာ တက်တက်ကြွကြွ စမ်းသပ်လေ့ရှိပါတယ်။” လောကိန့်နော်၏ ထင်မြင်ချက်အရ စက်မှုလယ်ယာစနစ်ဖြင့် လယ်ယာစိုက်ပျိုးခြင်းမှာ တောင်သူလယ်သမားများအတွက် ဝန်ထုပ်ဝန်ပိုးများကို လျှော့ချပေးနိုင်ပါသည်။ လုပ်သားအင်အားကို လျှော့ချပြီး စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်နိုင်ပါသည်။

လောကိန့်နော်သည် လယ်ကွင်းများအား ရတနာအဖြစ် မှတ်ယူထားပါသည်။ သူ့၏ တစ်သက်တာ ဘဝတွင် စပါးစိုက်ခင်း မူပေါင်း ၄၀ ကျော် (တစ်မူသည် ၆၆၆.၆၇ စတုရန်းမီတာနှင့် ညီမျှသည်) ၌ အမြဲတမ်း အလုပ်များလျက်ရှိပါသည်။ မိမိအလုပ်လုပ်ပြီးပါက အိမ်နီးနားချင်းများအား သင်ပြပို့ချပေးလေ့ ရှိပါသည်။

“အရင်တုန်းက ၄ မူရှိတဲ့ လယ်ကွင်းမှာ စပါးစိုက်ပျိုးဖို့ သုံးရက်လိုပါတယ်။ အခုဆို စပါးစိုက်ပျိုးစက်ရှိလာတော့ ၂ နာရီအတွင်း လုပ်ကိုင်ပြီးစီးနိုင်ပါတယ်။ ဒါဟာ ဒီစက်ရဲ့ ကျေးဇူးပါပဲ”ဟု လောကိန့်နော်က ပြောပြပါသည်။ ၎င်းစက်မှာ စွမ်းဆောင်ရည်ကို ပို၍ မြှင့်တင်ပေးနိုင်သည့်အပြင် အလုပ်လုပ်ချိန်ကိုလည်း လျော့နည်းစေသည့်အတွက် အခြားသော လုပ်သားကုန်ကျစရိတ်ကို သက်သာစေကြောင်း သူက ဆက်လက်ပြောပြပါသည်။

လုံးကျန်းမြို့နယ်သည် တာ့ရင်ကျန်းမြစ်ဝှမ်းဒေသ၏ နံဘေးတွင် တည်ရှိသည်။ မြေဆီလွှာ ပေါများကြွယ်ဝပြီး စိုက်ပျိုးရေးလည်း အဆင်ပြေပါသည်။ လမ်းပန်းဆက်သွယ်ရေးသည် ကဏ္ဍပေါင်းစုံတွင် ကျယ်ပြန့်သောကြောင့် စက်မှုလယ်ယာစိုက်ပျိုးရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို၍ သင့်လျော်သည်။

 

(အရင်းအမြစ် - ရင်ကျန်းခရိုင်မီဒီယာစင်တာ ။ ဘာသာပြန် - Yunnan Gateway)