ရောင်စုံမီးပုံးများတွင် တရုတ်နှစ်သစ်ကူးပွဲတော်၏ အနှစ်သာရကို ခံစားနိုင်

2023-01-13 09:55:06
အရင်းအမြစ်:中国新闻网

တရုတ်နိုင်ငံ၏ ကျီးဂုံရောင်စုံမီးပုံးများမှာ ထန်မင်းဆက်ခေတ်နှင့် စုန့်မင်းဆက်ခေတ်တွင် စတင်ခဲ့ပြီး မင်မင်းဆက်ခေတ်နှင့် မန်ချင်းမင်းဆက်ခေတ်တွင် ထွန်းကားခဲ့ပါသည်။ ၎င်းတို့ကို "ကမ္ဘာပေါ်တွင် ပထမဆုံး မီးပုံး"ဟု ချီးမြှင့်ခေါ်ဝေါ်ပါသည်။ မီးပုံးအလင်းသည် တရုတ်နှစ်သစ်ကူးပွဲတော်၏ ပွဲလမ်းသဘင်နှင့် မင်္ဂလာကျက်သရေ အရှိဆုံးသော သင်္ကေတ ဖြစ်ပါသည်။ အထူးသဖြင့် တရုတ်ပြက္ခဒိန် ပထမလ ၁၅ ရက်နေ့တွင် မီးပုံးပွဲတော် ဆင်နွှဲလေ့ရှိပါသည်။

ပုံများမှာ ၂၄ ကြိမ်မြောက် ကျီးဂုံဒိုင်နိုဆောမီးပုံးပွဲတော်ကို စီချွမ်ပြည်နယ် ကျီးဂုံမြို့ရှိ ရောင်စုံမီးပုံးပန်းခြံတွင် ကျင်းပစဥ်က ဖြစ်ပါသည်။ ထွန်းလင်းတောက်ပသော မီးပုံးများသည် ခရီးသည်များကို ဓာတ်ပုံရိုက်ကူးရန် များစွာ ဆွဲဆောင်ခဲ့ပါသည်။
(ဆောင်းပါးအရင်းအမြစ် - Chinanews.com ။ ဘာသာပြန် - မင်္ဂလာ)

ရောင်စုံမီးပုံးများတွင် တရုတ်နှစ်သစ်ကူးပွဲတော်၏ အနှစ်သာရကို ခံစားနိုင်