Vlogger များနှင့်အတူ ပန်းမြို့တော်မှာ လည်ပတ်လိုက်ရအောင်
ယူနန်ပြည်နယ် ကူမင်းမြို့ ချင်ဂုံ့မြို့နယ် တုတ်နန်ပန်းရောင်းဝယ်ရေးဈေးကွက်က အာရှရဲ့ ပန်းမြို့တော်အဖြစ် လူသိများပြီ းအာရှမှာအကြီးဆုံး သန့်ရှင်းလတ်ဆတ်တဲ့ ပန်းရောင်းဝယ်ရေးဈေးကွက်ဖြစ်ပါတယ်။ ပန်းစိုက်ပျိုးသူ Bi QianQian က ပန်းများကိုအွန်လိုင်းမှ တိုက်ရိုက်ရောင်းချထုတ်လွင့်တဲ့ Vlogger တစ်ဦးလည်း ဖြစ်ပါတယ်။ အခြားပန်းရောင်းတဲ့ အွန်လိုင်းVlogger တွေနဲ့ မတူဘဲ Bi QianQian က ဧည့်လမ်းညွှန်တစ်ဦးနဲ့ ပိုတူပြီး နေ့တိုင်းပန်းခင်းကနေ ပန်းဈေးသို့ ပရိသတ်များအတွက် ပန်းနဲ့ပတ်သက်သည့် ဗဟုသုတနဲ့ ပုံပြင်များအကြောင်းရှင်းပြပေးပါတယ်။ တုတ်နန်ရှိပန်းရောင်းသူများကလည်း Vlogger တွေနဲ့ နွေးထွေးစွာနှုတ်ဆက်ကြတယ်။ သူတို့က Bi Qianqian လို မျိုးပန်းရောင်းVlogger များနဲ့ ရင်းနှီးလာကာ ပန်းရောင်းတဲ့ Vlogger တိုင်းရဲ့ ဖုန်းမှာ ၁၀ ယောက်ကစလို့ ရာထောင်ချီရှိတဲ့ ပန်းချစ်ပရိသတ်များရှိပြီးVloggerများနဲ့အတူ ပန်းမြို့တော်ကို လည်ပတ်ကြည့်ရှုနေတယ်လို့ သိရပါတယ်။