တရုတ်နိုင်ငံ၏ သဲကန္တာရ "ပင်လယ်ပြာ"

2023-02-28 19:55:12
အရင်းအမြစ်:新华社

မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ ကန်စုပြည်နယ် ဝူဝေးမြို့ လျန်ကျိုးဇုန်သည် သဲကန္တာရဒေသများတွင် အကြီးစား လေအားလျှပ်စစ်၊ photovoltaic ဓာတ်အားလျှပ်စစ် အခြေစိုက်စခန်းများ တည်ဆောက်ရန် အခွင့်အလမ်းကို အလေးထား ဆုပ်ကိုင်ပြီး photovoltaic ဖြင့် သဲထိန်းချုပ်မှုပုံစံသစ်များကို ရှာဖွေ လေ့လာခဲ့သည်။ ထိန်းကယ်လီး သဲကန္တာရရှိ အသုံးမပြုရသေးသော နိုင်ငံပိုင်မြေ တရုတ်မူ ၅၀၀,၀၀၀ ကို အသုံးပြု၍ စုစုပေါင်းတပ်ဆင်အား ကီလိုဝပ် ၁၅ သန်းရှိသော Jiuduntan photovoltaic ဖြင့် သဲထိန်းချုပ်မှုစံပြဥယျာဥ်ဇုန်ကို စီမံတည်ဆောက်ထားသည်။

အဆိုပါဥယျာဥ်ဇုန်ကို တည်ဆောက်ပြီးစီးပြီးနောက် နှစ်စဉ် လျှပ်စစ်ဓာတ်အား ၂၆.၀၂၅ ဘီလီယံ kwh ထုတ်ပေးနိုင်ကြောင်း၊ နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ချိန် ၂၉.၃၉၁ သန်း လျှော့ချနိုင်ကြောင်း၊ နှစ်စဉ် စံချိန်မီကျောက်မီးသွေး တန်ချိန် ၈.၀၁၅၇ သန်းကို ချွေတာနိုင်ကြောင်း၊ သဲကန္တာရ တရုတ်မူ ၄၃၀,၀၀၀ ကို ထိန်းချုပ်နိုင်မည်ဟု ခန့်မှန်းကြောင်း၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး အကျိုးတူကျေးဇူးများ ရရှိစေရန် ဖြစ်မြောက်နိုင်ကြောင်း အဆိုပါဥယျာဥ်ဇုန်မှ သက်ဆိုင်ရာ တာဝန်ခံက ပြောကြားပါသည်။(ဆောင်းပါးအရင်းအမြစ် - ဆင်ဟွာသတင်းဌာန။ ဘာသာပြန် - Yunnan gateway)

တရုတ်နိုင်ငံ၏ သဲကန္တာရ "ပင်လယ်ပြာ"