တူလုံးကျန်းကျေးရွာ၏ ချမ်းမြေ့သာယာသော နေထိုင်မှုဘဝ

2023-03-08 18:02:04
အရင်းအမြစ်:中国日报

ယူနန်ပြည်နယ် နုကျန်း လီဆူးတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကုန်းစန်ခရိုင် တူလုံးကျန်းကျေးရွာသည် တရုတ်နိုင်ငံ၌ အထီးကျန်ပြီး ဆင်းရဲနွမ်းပါးသော အစွန်အဖျားဆုံး ကျေးရွာတစ်ရွာဖြစ်ပေသည်။ ဤနေရာကို "အနောက်တောင်ဒေသ လျှို့ဝှက်မြေ" ဟု လူသိများကာ တရုတ်နိုင်ငံတွင် တူလုံးတိုင်းရင်းသားလူမျိုးတို့ စုဝေးနေထိုင်ကြသည့် တစ်ခုတည်းသော ဒေသဖြစ်သည်။ နှစ်ထောင်ပေါင်းများစွာကတည်းကပင် တူလုံးတိုင်းရင်းသားလူမျိုးများသည် သက်ကယ်အိမ်များတွင် နေထိုင်ခဲ့ကြပြီး ဇစ်ကြိုးလိုင်းများဖြင့် မြစ်ကို ဖြတ်ကျော်ခဲ့ကြသည်။ တောင်တန်းဒေသမှ "လှေခါး"ကိုတက်ရန် အပြင်ထွက်ခဲ့ကြပါသည်။ အမဲလိုက်ခြင်းနှင့် ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့ကြပါသည်။ သစ်တောများကို ခုတ်ထစ်ပြီး မီးရှို့ကာ လယ်ယာစိုက်ပျိုးခဲ့ကြပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့်အချိန်မှစ၍ တူလုံးတိုင်းရင်းသားလူမျိုးများသည် ရှေးဦးလူ့အဖွဲ့အစည်း၏ အဆုံးကာလမှ ဆိုရှယ်လစ်လူ့အဖွဲ့အစည်းသို့ တိုက်ရိုက်ကူးပြောင်းသွားခဲ့ပါသည်။ သို့သော်လည်း ၂၀၁၆ ခုနှစ်တွင် တူလုံးကျန်းဥမင်လိုဏ်ခေါင်း ဖောက်လုပ်ရေးမပြီးစီးမီ နက်နဲသော ချောက်ကြီးနှင့် ဆီးနှင်းများဖုံးလွှမ်းနေသော တောင်တန်းများ၏ အတားအဆီးကြောင့် နှစ်စဉ်နှစ်တိုင်း နှင်းထူထပ်မှုကြောင့် လမ်းပန်းဆက်သွယ်ရေးပိတ်ဆို့ကာ ပြင်ပကမ္ဘာနှင့် နှစ်ဝက်ကျော်မျှ အထီးကျန်စွာနေခဲ့ရသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် China Daily မှ သတင်းထောက်တစ်ဦးသည် ၄ ရက်မျှ ဖြတ်ကျော်ကာ တူလုံးကျန်း ကျေးရွာသို့ သွားရောက် သတင်းယူခဲ့သည်။ ကုန်းစန်ခရိုင်မှ တူလုံးကျန်းကျေးရွာသို့ ၇၉.၆ ကီလိုမီတာ ရှည်လျားသော တောင်လမ်းတွင် အကွေ့ပေါင်း ၇၉၄ ခု ရှိပါသည်။ နံနက် ၈ နာရီ၌ ထွက်ခွာပြီး ညနေပိုင်းတွင်မူ တူလုံးကျန်းကျေးရွာသို့ ရောက်ရှိလာပြီး ဗီဒီယိုနှင့် ဓာတ်ပုံစသည့် သတင်းအချက်အလက်များအား အများအပြား ရိုက်ကူးခဲ့ပါသည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် China Daily မှ အဆိုပါသတင်းထောက်သည် ၁၀ နှစ်ကြာပြီးနောက် တူလုံးကျန်းကျေးရွာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ကုန်းစန်ခရိုင်မှ တူလုံးကျန်းကျေးရွာသို့ ၂ နာရီကျော်သာ ကားမောင်း ခဲ့ရပါသည်။ ယနေ့ တူလုံးကျန်းကျေးရွာတွင် မြစ်ကမ်းနှစ်ဖက်ကို တစ်စင်းပြီးတစ်စင်း တည်ဆောက်သည့် တံတားများဖြင့် ချိတ်ဆက်ထားသည်။ အိမ်ထောင်စုတိုင်းသည် တည်ဆောက်သည့် နေအိမ်အသစ်များသို့ ရွှေ့ပြောင်းနေထိုင်လာကြပါသည်။

အမြဲတမ်း နေထိုင်သူဦးရေမှာ ၅၀၀၀ ထက် နည်းသော်လည်း ကားစီးရေ ၁,၀၃၆ ရှိပါသည်။ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များမှလွဲ၍ တစ်ရွာလုံးရှိ တူလုံးတိုင်းရင်းသားလူမျိုးများအားလုံးသည် လက်ကိုင်ဖုန်း တစ်လုံးစီ ရှိကြပါသည်။ တူလုံးကျန်းကျေးရွာသည် ဒစ်ဂျစ်တယ်ခေတ်ကို ကြိုဆိုလာသည်နှင့်အမျှ အီး-ကောမက်စ်၊ WeChat အီး-စီးပွားရေး၊ အမြန်ချောပို့ဆောင်ရေးနှင့် လိုက်ဖ်လွှင့်ရောင်းချခြင်းစသည့် ထွန်းသစ်စအရာများသည် တူလုံးကျန်းကျေးရွာတွင် နေထိုင်ကြသည့် ပြည်သူပြည်သားများ၏ နေ့စဉ်ဘဝထဲသို့ တဖြည်းဖြည်း ပေါင်းစပ်လာပါသည်။ တူလုံးတိုင်းရင်းသား ကျောင်းသူကျောင်းသားများသည် သူငယ်တန်းမှ အထက်တန်းကျောင်းအထိ ၁၄ နှစ်ကြာ အခမဲ့ပညာရေးကို ခံစားလာကြရပါသည်။

လွန်ခဲ့သည့် ၁၀ နှစ်အတွင်းတွင် တူလုံးကျန်းကျေးရွာသည် တဖြည်းဖြည်း ပြောင်းလဲခဲ့သည်မှ သိသိသာသာ ပြောင်းလဲလာခဲ့သည်။ တူလုံးတိုင်းရင်းသားလူမျိုးများသည် ဆင်းရဲမွဲတေမှုလျှော့ချကြသည်မှ ဖွံ့ဖြိုးတိုးတက်မှုကို တက်ကြွစွာ ရှာဖွေစူးစမ်းကြပါသည်။ ၎င်းတို့၏ နေထိုင်မှုဘဝသည် ပိုမို သာယာဝပြောလာမည်သာဖြစ်သည်။ (ဆောင်းပါးအရင်းအမြစ် -China Daily ။ ဘာသာပြန် - Yunnan gateway)

တူလုံးကျန်းကျေးရွာ၏ ချမ်းမြေ့သာယာသော နေထိုင်မှုဘဝ