"ယူနန်လို့ခေါ်တဲ့ ဘဝတစ်ခုရှိတယ်" ။ ။ “ကော်ဖီဘတ်စ်ကား”သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် စတင်ပြေးဆွဲ

2023-03-10 13:45:18
အရင်းအမြစ်:云南日报

ယခုရက်ပိုင်းတွင် ယူနန်၏ ထူးခြားချက်သင်္ကေတများပါသည့် ကော်ဖီဘတ်စ်ကားနှစ်စီးသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ဟိုင်ဂန်းတာ့ပဘတ်စ်ကားကွင်းတွင် ရင်သပ်ရှုမောဖွယ်အသွင်အပြင်ဖြင့် ဒေသခံမြို့သူမြို့သားနှင့် ခရီးသွားများအား လာရောက်စီးနင်းရန် ဆွဲဆောင်ခဲ့ပါသည်။ပထမဆုံးအကြိမ် ပြေးဆွဲသည့် “ကော်ဖီဘတ်စ်ကား”သည် ကူမင်းအများပြည်သူပို့ဆောင်ရေးအုပ်စုအဖွဲ့ (Kunming Public Transport Group)မှ “ကော်ဖီ”ဟူသော အဓိကခေါင်းစဥ်ဖြင့် အသစ်ဖန်တီးထားသော နှစ်ထပ် ရှုခင်းကြည့် ဘတ်စ်ကားဖြစ်ပါသည်။ အဆိုပါ ဘတ်စ်ကား၏ အပြင်ပိုင်းတွင် "နှုတ်ခမ်းနီစင်ရော်"၊ "အာရှဆင်"၊ "ဒေါင်း"နှင့် တိုင်းရင်းသားရိုးရာဓလေ့များနှင့် ပြည့်နှက်နေသော ယူနန်၏ ထူးခြားချက်သင်္ကေတများဖြင့် အလှဆင်ထားသည်။ ဘတ်စ်ကား၏ အတွင်းပိုင်းကို အသစ်ပြန်လည်မွမ်းမံထားပါသည်။ ပထမထပ်သည် ကော်ဖီဘားတစ်ခုနှင့် ကော်ဖီအဖျော်ယမကာများ ခင်းကျင်းပြသထားသည့် နေရာဖြစ်ပြီး ဒုတိယထပ်တွင် နေရာ ကျယ်ပြန့်ပွင့်လင်းပြီး တောက်ပနေသောကြောင့် နေရာတစ်ခုလုံးသည် အလွန် ရိုမန်တစ်ဆန်ပြီး နွေးထွေးနေစေသည်။

အနာဂတ်တွင် ကူမင်းအများပြည်သူပို့ဆောင်ရေးအုပ်စုအဖွဲ့ (Kunming Public Transport Group)သည် "ကော်ဖီဘတ်စ်ကားများ"၏ ပြေးဆွဲသည့် လမ်းကြောင်းများနှင့် ဘတ်စ်ကားဂိတ်များကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ရှုခင်းကြည့်ဘတ်စ်ကားများသည် ခရီးသည်များကို လမ်းမပေါ်တွင် တင်ဆောင်ပြေးဆွဲနေသည့် "မြို့တွင်းရှုခင်း" ဖြစ်လာစေမည်ဖြစ်သည်။ (ဆောင်းပါးအရင်းအမြစ် - ယူနန်နေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)

"ယူနန်လို့ခေါ်တဲ့ ဘဝတစ်ခုရှိတယ်" ။ ။ “ကော်ဖီဘတ်စ်ကား”သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် စတင်ပြေးဆွဲ