"ယူနန်လို့ခေါ်တဲ့ ဘဝတစ်ခုရှိတယ်" ။ ။ ယူနန်ပြည်နယ် တီချင့်ကုန်းပြင်မြင့်ဒေသ၏ ရှုခင်းသာအလှများသည် ခရီးသည်များအား ဆွဲဆောင်နေ

2023-03-14 18:31:41
အရင်းအမြစ်:新华社

ယူနန်ပြည်နယ် တီချင့် တိဘက်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတွင် ဖူတာ့ချိုးရှုခင်းသာနေရာ၊ မေလီ ဆီးနှင်းတောင်နှင့် စွန်းဇန့်လင်းဘုရားကျောင်း စသော ခရီးသွားအရင်းအမြစ်များ ရှိပါသည်။ ယခုနှစ်တွင် အဆိုပါဒေသ၏ ခရီးသွားဈေးကွက်သည် စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာပါသည်။

စာရင်းများအရ ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် တီချင့်ပြည်နယ်ခွဲသို့ လာရောက်လည်ပတ်သည့် ခရီးသည်ဦးရေ ၂.၈ သန်းခန့် ရှိပြီး ခရီးသွားလုပ်ငန်းမှ ရရှိသည့် ဝင်ငွေ တရုတ်ယွမ် ၂.၉ ဘီလီယံခန့်ရှိကြောင်း၊ ၂၀၁၉ ခုနှစ် အလားတူကာလထက် ၁၆၀.၃၂ ရာခိုင်နှုန်းနှင့် ၁၇၅.၅၄ ရာခိုင်နှုန်းအထိ အသီးသီး ပြန်လည်ရောက်ရှိကြောင်း ဆင်ဟွာသတင်းဌာနမှ သိရပါသည်။ (ဆောင်းပါးအရင်းအမြစ် - ဆင်ဟွာသတင်းဌာန။ ဘာသာပြန် - Yunnan gateway)

"ယူနန်လို့ခေါ်တဲ့ ဘဝတစ်ခုရှိတယ်" ။ ။ ယူနန်ပြည်နယ် တီချင့်ကုန်းပြင်မြင့်ဒေသ၏ ရှုခင်းသာအလှများသည် ခရီးသည်များအား ဆွဲဆောင်နေ