ကျန်းစူးပြည်နယ် ထိုက်ချန်းဆိပ်ကမ်းတွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများဖြင့် အလုပ်များနေ

2023-03-20 19:15:55
အရင်းအမြစ်:新华社

နွေဦးရာသီရောက်လာသည်နှင့်အညီ ကျန်းစူးပြည်နယ် ထိုက်ချန်းဆိပ်ကမ်းတွင် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို ချောမွေ့စေရန်နှင့် ကုန်တင်ကုန်ချ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် အစွမ်းကုန် ကြိုးပမ်းနေပါသည်။ အဓိက ဆိပ်ကမ်းဧရိယာများတွင် ဝန်တင်ဝန်ချခြင်းလုပ်ငန်းများကို စနစ်တကျ လုပ်ဆောင်နေကြပြီး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေး စွမ်းပကားသည် တည်ငြိမ်လျက်ရှိနေကြောင်းသိရပါသည်။

ထိုက်ချန်းဆိပ်ကမ်းသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ နိုင်ငံခြားကုန်သွယ်မှု ကွန်တိန်နာပေါင်း ၇၇၅၀၀၀ TEUs နှင့် ကုန်စည်တန်ချိန်ပေါင်း ၁၇.၆၃၄ သန်း ပို့ဆောင်နိုင်ခဲ့ကြောင်း သိရပါသည်။ (ဆောင်းပါးအရင်းအမြစ် - ဆင်ဟွာသတင်းဌာန။ ဘာသာပြန် - Yunnan gateway)

ကျန်းစူးပြည်နယ် ထိုက်ချန်းဆိပ်ကမ်းတွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများဖြင့် အလုပ်များနေ