တရုတ်နိုင်ငံ ရှင်းကျန်းဒေသရှိ စိုက်လီမုရေကန်၏ အလှမြင်ကွင်းများ

2023-04-11 15:39:45
အရင်းအမြစ်:新华社

ဧပြီလတွင် အပူချိန်အဆက်မပြတ် မြင့်တက်လာသည်နှင့်အမျှ တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ပေါ်အယ်ထာလား(မွန်ဂို)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခွဲရှိ စိုက်လီမု ရေကန်သည်လည်း နွေဦးသံစဉ်နှင့်အညီ ပြောင်းလဲလာခဲ့သည်။

လအတန်ကြာ ရေများအေးခဲနေသည့် ကန်ရေမျက်နှာပြင်သည် တစ်ဖြေးဖြေး ရေခဲများ ပျော်ဆင်းလာရာ ထုထည်ကြီးမားသော ရေခဲမျက်နှာပြင်သည် ကမ်းနားတွင် ရေအဖြစ် ပျော်ဝင်လာပြီး ကီလိုမီတာ ဒါဇင်နှင့်ချီ ရှည်လျားသည့် တစ်သွင်သွင်စီးဆင်းနေသော မြင်ကွင်းမှာ ခမ်းနားလှသည်။

ရေကန်တွင် သတ္တုဓါတ်များပါဝင်ခြင်းကြောင့် ရေခဲပျော်သည့်ကာလတွင် စိုက်လီမု ရေကန်၏ ရေခဲမျက်နှာပြင်တွင် တစ်မူထူးခြားသည့် အပြာရောင်ဖျော့ဖျော့ ပေါ်လွင်လာသည်။ ခရီးသွားရာသီမဟုတ်သော်လည်း ထောင်နှင့်ချီသော ခရီးသွားဧည့်သည်များကို နေ့စဉ်ဆွဲဆောင်လျက်ရှိသည်။

စိုက်လီမု ရေကန်သည် ရှင်းကျန်းဒေသတွင် ပင်လယ်ရေမျက်နှာပြင်အမြင့်ဆုံး၊ မျက်နှာပြင်ဧရိယာအကျယ်ဆုံး တောင်မြင့်ပေါ်က ရေကန်ဖြစ်ရာ “အတ္တလန္တိတ် သမုဒ္ဒရာ၏ နောက်ဆုံးမျက်ရည်စက်”ဟု တင်စားကြရာ ဥတုရာသီလေးပါးစလုံး ရှုခင်းသာယာလှပပေသည်။ ယင်းနေရာတွင် တိရစ္ဆာန်၊ သစ်ပင်ပန်းမန်အမျိုးအစားစုံလင်ရာ ငန်းဖြူ၊ တောင်ဆိတ်၊ မြေခွေးစသည့် တိရစ္ဆာန်လေးများကို မကြာခဏတွေ့မြင်ရတတ်သည့်အပြင် ထိုတိရစ္ဆာန်လေးများနှင့်အနီးကပ် ထိတွေ့ခွင့်ရရှိခြင်းကြောင့် လူနှင့်သဘာဝတရား၏ သဟဇာတဖြစ်သော သာယာဖွယ် ပန်းချီပမာဏအလှမြင်ကွင်းများကို ဖော်ဆောင်နေသည်။ (Xinhua)

တရုတ်နိုင်ငံ ရှင်းကျန်းဒေသရှိ စိုက်လီမုရေကန်၏ အလှမြင်ကွင်းများ