တရုတ်-မြန်မာ နယ်စပ်ပြည်သူများ ပျော်ပွဲရွှင်ပွဲနှင့် မန်စီဒေသသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့

2023-04-13 12:19:24
အရင်းအမြစ်:新华社 德宏传媒集团

ဧပြီ ၁၂ ရက်နေ့တွင် ၂၀၂၃ ခုနှစ် တရုတ်-မြန်မာ နယ်စပ်ပြည်သူများ ပျော်ပွဲရွှင်ပွဲနှင့် မန်စီဒေသ တိုင်၊ တယ်အောင် တိုင်းရင်းသား သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို မန်စီရင်ပြင်တွင် ကျင်းပကြောင်း သိရပါသည်။

တရုတ်-မြန်မာနှစ်နိုင်ငံမှ သောင်းနှင့်ချီသော ပြည်သူပြည်သားများသည် ပွဲလမ်းသဘင်ဝတ်စုံများကို ဝတ်ဆင်ကာ ရှမ်းအိုးစည်နှင့် မင်္ဂလာရွှေမောင်း တီးခတ်ခြင်း၊ ရိုးရာတိုင်းရင်းသားအကများ ကပြခြင်းနှင့် မင်္ဂလာကျက်သရေနှင့်ပြည့်ဝသော ရေပက်ခြင်းတို့ဖြင့် ရွှင်မြူးသော မြင်ကွင်းကို တွေ့မြင်ရပါသည်။ (ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်မီဒီယာအုပ်စုအဖွဲ့။ ဘာသာပြန် - Yunnan gateway)

တရုတ်-မြန်မာ နယ်စပ်ပြည်သူများ ပျော်ပွဲရွှင်ပွဲနှင့် မန်စီဒေသသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့