Special Yunnan Lifestyle| Jacaranda ပန်းပင်လယ်သည် နွေဦးမြို့ဖြစ်သည့် ကူမင်းမြို့ကို ရင်သပ်ရှုမောစေလျက်ရှိ

2023-04-25 18:59:17
အရင်းအမြစ်:云报客户端

မကြာသေးမီက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ ကျောက်ချန်း(Jiaochang)လမ်းမကြီးပေါ်ရှိ jacaranda ပန်းများစွာ ပွင့်လန်းနေပြီး ခရမ်းရောင် ပန်းပင်လယ် တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။

ခရီးသည်များနှင့် ဓာတ်ပုံဝါသနာရှင်များသည် နှစ်ယောက်တွဲ(သို့)သုံးယောက်တွဲပြီး အဆိုပါပန်းပင်လယ်များတွင် လမ်းလျှောက်ရင်းနှင့် အကောင်းဆုံးရိုက်ကွင်းကို ရှာဖွေကာ Jacaranda လမ်းမ၏ အလှတရားကို မှတ်တမ်းတင်ကြပါသည်။

Jacaranda လမ်းမကို ဖြတ်သွားသည့် ကားတိုင်းလိုလိုသည် အရှိန်လျော့ကာ မောင်းနှင်လေ့ရှိပါသည်။ ကားပေါ်ပါရှိသည့် ခရီးသည်များသည် ပြတင်းပေါက်မှ ငေးမောရင်း ပန်းပင်လယ်များအကြား ဖြတ်သန်းသွားလာသည်ကို လက်တွေ့ခံစားနေကြပါသည်။ (ဆောင်းပါးအရင်းအမြစ် - ယူနန်နေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)

Special Yunnan Lifestyle| Jacaranda ပန်းပင်လယ်သည် နွေဦးမြို့ဖြစ်သည့် ကူမင်းမြို့ကို ရင်သပ်ရှုမောစေလျက်ရှိ