ဟိုင်ခိုးမြို့တွင် ကမ်းရိုးတန်းယဉ်ကျေးမှုနှင့် အရှေ့တောင်အာရှစတိုင်လ်ကို ခံစားကြရအောင်

2023-06-16 22:36:54
အရင်းအမြစ်:新华社

ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဟိုင်ခိုးမြို့တွင် ပိုင်ဆာမိန် ယဉ်ကျေးမှု စွန့်ဦးတီထွင်မှုပစ္စည်း စျေးတန်းကို ဖွင့်လှစ်ခဲ့သည်။ အဆိုပါစျေးတန်းသည် ဟိုင်နန်ပြည်နယ်၏ ကမ်းရိုးတန်းဒေသ ယဉ်ကျေးမှုနှင့် အရှေ့တောင်အာရှစတိုင်လ်ကို ပေါင်းစပ်ထားသောကြောင့် မြို့သူမြို့သားများနှင့် ခရီးသွားများအား နိုင်ငံခြားသို့ သွားရန် မလိုဘဲ ထူးခြားဆန်းပြားသော နိုင်ငံခြားဓလေ့ထုံးစံများကို ခံစားနိုင်စေပါသည်။

ဟိုင်ခိုးမြို့ ပိုင်ဆာမိန် ယဉ်ကျေးမှု စွန့်ဦးတီထွင်မှုပစ္စည်း စျေးတန်းတွင် ပြည်တွင်းပြည်ပမှ စားသောက်ဆိုင်နှင့် ယဉ်ကျေးမှု စွန့်ဦးတီထွင်မှုပစ္စည်းလုပ်ငန်းအဖွဲ့ပေါင်း ၇၀၀ ကျော်ကို စုစည်းထားကြောင်း ဆင်ဟွာသတင်းမှ သိရှိရပါသည်။ (ဆောင်းပါးအရင်းအမြစ် - ဆင်ဟွာသတင်းဌာန။ ဘာသာပြန် - Yunnan gateway)

ဟိုင်ခိုးမြို့တွင် ကမ်းရိုးတန်းယဉ်ကျေးမှုနှင့် အရှေ့တောင်အာရှစတိုင်လ်ကို ခံစားကြရအောင်