အပြည်ပြည်ဆိုင်ရာ ယောဂနေ့တွင် တျန်ချီရေကန်၌ ထောင်နှင့်ချီသော လူတို့သည် ထိုက်ကျိသိုင်းနှင့် ယောဂ ဖျော်ဖြေတင်ဆက်

2023-06-26 16:53:50
အရင်းအမြစ်:云南日报

ဇွန်လ ၂၁ ရက်နေ့သည် ၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ ဖြစ်သည်။ "၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ ယောဂနေ့နှင့် တရုတ်(ကူမင်း) တောင်အာရှ ယဉ်ကျေးမှုအနုပညာ အထိမ်းအမှတ် ရက်သတ္တပတ်၊ တရုတ်-အိန္ဒိယ လူမှုယဉ်ကျေးမှု ဖလှယ်ရေးဖိုရမ်၏ စီးရီးလှုပ်ရှားမှုများ" ကို ဇွန်လ ၂၁ ရက်နေ့တွင် ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပခဲ့ပါသည်။

အဆိုပါလှုပ်ရှားမှုသည် "တံခါးဖွင့်မှု၊ ပေါင်းစည်းမှု၊ ဆန်းသစ်တီထွင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု" ဟူသော ဆောင်ပုဒ်ဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် အိန္ဒိယစသည့် တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများအကြား အပြန်အလှန် အတုယူလေ့လာမှုကို မြှင့်တင်ရန်နှင့် တရုတ်-အိန္ဒိယ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ရေး၏ အောင်မြင်မှုအသီးအပွင့်များကို ပြသရန် ရည်ရွယ်ထားပါသည်။

တျန်ချီရေကန်၏ ကမ်းနားတွင် တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံတို့၏ ရိုးရာယဉ်ကျေးမှုများကို ကိုယ်စားပြုသည့် ထိုက်ကျိသိုင်း၊ ယောဂ လူတစ်ထောင် ဖျော်ဖြေမှုများကို တစ်ချိန်တည်းတွင် ကြီးကျယ်ခမ်းနားစွာ တင်ဆက်ခဲ့ပါသည်။ (ဆောင်းပါးအရင်းအမြစ် - ယူနန်နေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)

အပြည်ပြည်ဆိုင်ရာ ယောဂနေ့တွင် တျန်ချီရေကန်၌ ထောင်နှင့်ချီသော လူတို့သည် ထိုက်ကျိသိုင်းနှင့် ယောဂ ဖျော်ဖြေတင်ဆက်