ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်နှင့် ဆိုလာ ပေါင်းစပ်လျှပ်စစ်ဓာတ်အားပေးစက်ရုံ စတင်လည်ပတ်

2023-06-29 20:15:32
အရင်းအမြစ်:新华社

ဇွန်လ ၂၅ ရက်နေ့တွင် စိချွမ်းပြည်နယ် ကန်ဇီဇွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ယာကျန်းခရိုင် ခက်လာကျေးရွာတွင် တည်ဆောက်သော ခက်လာလျှပ်စစ်ဓာတ်အားပေးစက်ရုံသည်(ယာလုံးမြစ် လျန်ဟော်ခို လျှပ်စစ်ဓာတ်အားပေးစက်ရုံ ရေအားလျှပ်စစ်နှင့် ဆိုလာ ပေါင်းစပ်လျှပ်စစ်ဓာတ်အားပေးခြင်း (hydro - photovoltaic complementation) ပထမစီမံကိန်း)လျှပ်စစ်ကွန်ရက်နှင့်ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်ပါသည်။ ကမ္ဘာ့အကြီးဆုံးနှင့် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ဆုံးသော ရေအားလျှပ်စစ်နှင့် ဆိုလာ ပေါင်းစပ်လျှပ်စစ်ဓာတ်အားပေးစက်ရုံအား တရားဝင် စတင်လည်ပတ်ခဲ့ပါသည်။

အဆိုပါပေါင်းစပ်လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် စတင်လည်ပတ်ပြီးနောက် နှစ်စဉ် လျှပ်စစ်ဓာတ်အားပျမ်းမျှ ထုတ်လုပ်မှု ၂ ဘီလီယံ kWh ရှိကြောင်း၊ နှစ်စဉ် သာမန်ကျောက်မီးသွေး တန်ပေါင်း ၆ သိန်းကျော် ချွေးတာနိုင်ကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု တန်ပေါင်း ၁၆ သိန်းကျော် လျှော့ချနိုင်မည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနမှ သိရပါသည်။(ဆောင်းပါးအရင်းအမြစ် - ဆင်ဟွာသတင်းဌာန။ ဘာသာပြန် - Yunnan gateway)

ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်နှင့် ဆိုလာ ပေါင်းစပ်လျှပ်စစ်ဓာတ်အားပေးစက်ရုံ စတင်လည်ပတ်