ရှန်းတွန်းပြည်နယ် ဆော်ခရိုင်တွင် ဟန့်လူမျိုးရိုးရာဝတ်စုံလုပ်ငန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်လာ

2023-07-07 18:21:10
အရင်းအမြစ်:国际在线

ရှန်းတွန်းပြည်နယ် ဆော်ခရိုင်သည် အွန်လိုင်းဈေးရောင်းပလက်ဖောင်းကို အသုံးပြုပြီး ဟန့်လူမျိုး ရိုးရာဝတ်စုံလုပ်ငန်းကို အာရုံစူးစိုက်ကာ တိုးချဲ့လုပ်ကိုင်ခဲ့သည်။ လက်ရှိအချိန်တွင် ဆောင်ခရိုင်၌ ဟန့်လူမျိုးရိုးရာဝတ်စုံဆိုင်ရာ လုပ်ငန်းကုမ္ပဏီ ၂၁၀၀ ကျော် ရှိကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ဆော်ခရိုင်တွင် ဟန့်လူမျိုး ရိုးရာဝတ်စုံရောင်းချခြင်းဖြင့် ဝင်ငွေ တရုတ်ယွမ် ၄ ဘီလီယံခန့် ရရှိခဲ့ကြောင်း၊ ဟန့်လူမျိုးရိုးရာဝတ်စုံ လုပ်ငန်းကြောင့် ဒေသခံများ ဝင်ငွေတိုးလာပြီး ကျေးလက်ဒေသကို ဖွံ့ဖြိုးတိုးတက်လာစေကာ တက္ကသိုလ်ကျောင်းသူကျောင်းသား ၂၀၀၀၀ခန့်ကို ထိုလုပ်ငန်းမှာပင် အလုပ်များခန့်ထားနိုင်ခဲ့ကြောင်း သတင်းအရ သိရပါသည်။

ရှန်းတွန်းပြည်နယ် ဆော်ခရိုင်တွင် ဟန့်လူမျိုးရိုးရာဝတ်စုံလုပ်ငန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်လာ