ထန်မင်းဆက်ခေတ်မှ သုံးရောင်ခြယ်ကြွေထည်သည် အလှသစ်များဖြင့် တောက်ပလျက်ရှိ

2023-08-29 18:28:33
အရင်းအမြစ်:云南日报

ထန်မင်းဆက်ခေတ်မှ သုံးရောင်ခြယ်ကြွေထည်သည် နှစ်ပေါင်း ၁၃၀၀ ကျော် သမိုင်းကြောင်းရှိသည့် တရုတ်ရှေးဟောင်း ကြွေထည်ဖြစ်သည်။ ၎င်း၏ အသွင်အပြင်မှာ အဓိကအားဖြင့် အဝါရောင်၊ အစိမ်းရောင်နှင့် အဖြူရောင်ဖြစ်သောကြောင့် လူများက ၎င်းကို သုံးရောင်ခြယ်အဓိပ္ပာယ်ရှိသည့် "တန်စန်ချိုင်း (Tang Sancai)" ဟုခေါ်ကြသည်။

တရုတ်နိုင်ငံ ဟယ်နန်ပြည်နယ် လောယန်မြို့ နန်းရှစ်စန်ရွာသည် ထန်မင်းဆက်ခေတ်မှ သုံးရောင်ခြယ်ကြွေထည် ထုတ်လုပ်သည့်အတွက် ကျော်ကြားသည်။ မကြာသေးမီနှစ်များအတွင်း အဆိုပါဒေသသည် ရိုးရာထုတ်လုပ်မှုနည်းပညာများကို ခေတ်မီဒြပ်စင်များနှင့်အတူ ပေါင်းစပ်ပြီး ထန်မင်းဆက်ခေတ်မှ သုံးရောင်ခြယ်ကြွေထည် ထုတ်လုပ်မှုနည်းပညာများကို အမွေဆက်ခံလျက် ဆန်းသစ်တီထွင်ခဲ့ကာ လုပ်ငန်း၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို တဖြည်းဖြည်းမြှင့်တင်ခဲ့သည်။ လက်ရှိ အဆိုပါကျေးရွာတွင် ထန်မင်းဆက်ခေတ်မှ သုံးရောင်ခြယ်ကြွေထည် ထုတ်လုပ်မှုလုပ်ငန်းအဖွဲ့ ၆၀ ကျော်ရှိပြီး နှစ်စဉ်ထုတ်လုပ်မှုတန်ဖိုးမှာ ယွမ်သန်း ၃၅၀ ရှိသည်(ဆောင်းပါးအရင်းအမြစ် - ဆင်ဟွာသတင်းဌာန။ ဘာသာပြန် - Yunnan gateway)

ထန်မင်းဆက်ခေတ်မှ သုံးရောင်ခြယ်ကြွေထည်သည် အလှသစ်များဖြင့် တောက်ပလျက်ရှိ