၁၉ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ ဖွင့်လှစ်

2023-09-27 17:54:09
အရင်းအမြစ်:国际在线

စက်တင်ဘာလ ၂၃ ရက်နေ့က ၁၉ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ ပြိုင်ပွဲကျင်းပသည့် ၁၅ရက်အတွင်း အာရှဒေသမှ အားကစားမောင်မယ် ၁သောင်း ၂ထောင်ကျော်သည် ဟန်ကျိုးမြို့နှင့် နင်ပို၊ ဝင်းကျိုး၊ ဟူကျိုး၊ ရှောက်ရှင်း၊ ကျင်းဟွာ အပါအဝင် ပါဝင်ကူညီကျင်းပရေးမြို့၅မြို့ရှိ အာရှ အားကစားပြိုင်ပွဲ အားကစားကွင်းနှင့်အားကစားရုံ ၅၆ခုတွင် ပြိုင်ပွဲပေါင်း၄၀နှင့် ရွှေတံဆိပ် ၄၈၁ခု ကို ဆွတ်ခူးနိုင်ဖို့ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ယခုအကြိမ်အာရှအားကစားပြိုင်ပွဲတွင် အာရှအိုလံပစ်ကောင်စီအဖွဲ့ဝင် ၄၅ ခုစလုံး ပါဝင်ယှဉ်ပြိုင်ကြကြောင်း၊ နိုင်ငံနှင့်ဒေသအမြောက်အမြားသည် သမိုင်းတွင် အတိုင်းအတာ အကြီးဆုံးကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ခဲ့ကြောင်း၊ အားကစားမောင်မယ် ၁ သောင်း ၂ ထောင်ကျော် ဟူသောလူဦးရေပဲဖြစ်ဖြစ်၊ ပြိုင်ပွဲပမာဏပဲဖြစ်ဖြစ် အာရှအားကစားပြိုင်ပွဲသမိုင်းတွင် စံချိန်သစ်တင်ခဲ့ကြောင်း သိရှိရသည်။

၁၉ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ ဖွင့်လှစ်