၁၉ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီး
အောက်တိုဘာလ ၈ ရက်နေ့ညက ၁၉ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ ၁၉ ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားတွင် Most Memorable Is Hangzhou ကို ဆောင်ပုဒ်အဖြစ်ထားပြီး သရုပ်ဆောင် စုစုပေါင်း ၂၁၉၄ ဦး ပါဝင်တင်ဆက် ပြသခဲ့ကြပါသည်။
အားကစားကွင်းမှ ဆုလက်ခံစင်မြင့်အထိ၊ အိပ်မက်ကို လိုက်ရှာခြင်းမှနေ အိပ်မက်ကို အကောင်အထည်ဖော်ခြင်းအထိ အာရှတိုက် နိုင်ငံနှင့်ဒေသ ၄၅ခုမှ အားကစားသမား ၁၂၀၀၀ကျော်တို့သည် ဟန်ကျိုးမြို့တွင် စုစည်းပြီး အားကစားအိပ်မက်ကို အတူတကွ တည်ဆောက်ခဲ့ကြပါသည်။ စံချိန်သစ် တစ်ခုပြီးတစ်ခု တင်လာခြင်းကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီး အံ့ဖွယ် တစ်ခုပြီးတစ်ခုကို ဖန်တီးခဲ့ကြပါသည်။
ဟန်ကျိုးအာရှအားကစားပြိုင်ပွဲတွင် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် ရွှေတံဆိပ် ၂၀၁ ခု၊ ငွေတံဆိပ် ၁၁၁ ခုနှင့် ကြေးတံဆိပ် ၇၁ ခု၊ ဆုတံဆိပ်စုစုပေါင်း ၃၈၃ခုကို ရရှိ၍ အာရှ အားကစားပြိုင်ပွဲ၏ ပါဝင်မှုသမိုင်းတစ်လျှောက်တွင် အကောင်းဆုံး ရလဒ်ကို ရရှိခဲ့ပါသည်။